Sunday, February 27, 2022

တူရကီအစိုးရအနေဖြင့်ငွေကြေးဖောင်းပွမှုများအား လျော့ချရန်အတွက် လျှပ်စစ်မီတာခ ပြောင်းလဲသတ်မှတ်ခဲ့ခြင်း

 

Dailysabah; Feb-28 (Mon)

                  တူရကီအစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုများကိုလျော့ချရန်အတွက် လျှပ်စစ် မီတာခ အခွန်နှုန်းထားများနှင့်စပ်လျဉ်း၍ ပြန်လည်ပြင်ဆင်သတ်မှတ်ပေးခဲ့ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့ သည်ဟု Dailysabah သတင်းဌာနက ဖေဖော်ဝါရီလ ၂၈ တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ မီတာခ အခွန်နှုန်းထားပြင်ဆင်သတ်မှတ်မှုတွင် လူနေအိမ်များနှင့် စိုက်ပျိုးရေးဆိုင်ရာ ဆည်မြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများတွင် အသုံးပြုသည့် လျှပ်စစ်မီတာခ တန်ဖိုးမြင့် ခွန် (Value-added tax -VAT) ကောက်ယူခြင်းအား ၁၈ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်း အထိလျှော့ချခဲ့ကြောင်းနှင့် အိမ်တွင်းအသေးစားစက်မှုလုပ်ငန်းများအပေါ် လျှပ်စစ်မီတာခ အခွန်ကောက်ယူမှုများကိုလည်း လျှော့ချပေးခြင်းတို့ပါဝင်ပါသည်။

              တူရကီနိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုများ မြင့်တက်နေစဉ်အတွင်း စွမ်းအင် ဆိုင်ရာ အခွန်နှုန်းထားမြင့်မားမှုများကြောင့် ထိခိုက်ခံစားရသော အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းစုများအပေါ် အခွန်နှုန်းထားများ လျော့ချနိုင်ရေးအတွက် အစိုးရ၏ ဖြေရှင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အထက်ပါလုပ်ဆောင်ချက် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ တူရကီအစိုးရအနေဖြင့် လျှပ်စစ်မီတာခသက်သာခွင့် သတ်မှတ်ချက်အား ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ တစ်လလျှင် 150kWh မှ 210kWh ထိတိုးမြှင့်ပေးခဲ့ ပါသည်။ တူရကီနိုင်ငံ၊မြို့တော် အန်ကာရာ (Ankara) ၌ အစိုးရအစည်းအဝေးကျင်းပ ပြီးနောက် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ငွေကြေး ဖောင်းပွမှုများအား အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Ref; Turkey Lowers tax on electricity to 8 % to combat inflation

No comments:

Post a Comment