ဆလိုဗက်ကီးယားလွှတ်တော်နှင့် သမ္မတ ဇူဇနာကာပူတိုဗာ (Zuzana Caputova) တို့သည် ဆလိုဗက်ကီးယားနိုင်ငံပိုင် လေတပ်အခြေစိုက်စခန်း ၂ ခု ဖြစ်သည့် Malacky-Kuchyna နှင့် Sliac တို့တွင် အမေရိကန်စစ်ဘက်အား ၁၀ နှစ်ကြာ အသုံးပြုခွင့်ပေးမည့် အဆိုပြုချက်တစ်ရပ်အား ဖေဖော်ဝါရီလ ၉ ရက်တွင် အတည်ပြုခဲ့ကြောင်း BRATISLAVA သတင်းဌာနက ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆလိုဗက်ကီးယားနိုင်ငံမှ ထိုကဲ့သို့ခွင့်ပြုပေးခြင်းဖြင့် အမေရိကန်နိုင်ငံသည် ဆလိုဗက်ကီးယားစစ်ဘက်အား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပေးအပ်သွားမည်ဖြစ်ပါသည်။ သဘောတူညီချက်အား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) နှင့် ဆလိုဗက်ကီးယား ကာကွယ်ရေးဝန်ကြီး ဂျရိုစလဗ်နဒ် (Jaroslav Nad) တို့က ဖေဖော်ဝါရီလ ၃ ရက်တွင် အမေရိကန်နိုင်ငံ၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment