Sunday, June 25, 2023

တူကီယဲနိုင်ငံ၏ အနိမ့်ဆုံးလုပ်အားခရရှိမှုများ လျော့ကျခဲ့ခြင်း

DuvarEnglish; Jun-26(Mon)

တူကီယဲအစိုးရအနေဖြင့် အနိမ့်ဆုံးလုပ်အားခ သတ်မှတ်ချက်ကို တိုးမြှင့်ပေးခဲ့ သော်လည်း ဗဟိုဘဏ်၏ အတိုးနှုန်းတိုးမြှင့်မှုနှင့် ငွေကြေးလဲလှယ်မှု မြင့်တက်လာသဖြင့် အလုပ်သမားများ အမှန်တကယ်ရရှိသည့် အနိမ့်ဆုံးလုပ်အားခသည် တစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၅ နီးပါးလျော့ကျခဲ့ကာ အမေရိကန်ဒေါ်လာ ၄၃၇ ခန့်သာ ရရှိမည် ဖြစ်ကြောင်း Duvar English သတင်းဌာနက ဇွန်လ ၂၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲအစိုးရသည် ဇွန်လ ၂၀ ရက်တွင် အနိမ့်ဆုံးလုပ်အားခကို ၃၄ ရာခိုင်နှုန်း တိုးမြှင့် ပေးခဲ့သော်လည်း ဗဟိုဘဏ်၏အတိုးနှုန်း ၁၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့မှုနှင့်အတူ အမေရိကန်ဒေါ်လာလဲလှယ်မှုနှုန်းထားများ မြင့်တက်လာခဲ့သဖြင့် အနိမ့်ဆုံးလုပ်အားခ ရရှိမှု လျော့ကျခဲ့ခြင်းဖြစ်ပါသည်။

တူကီယဲအစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ လိုင်ရာမှ ဒေါ်လာငွေကြေးလဲလှယ်မှုနှုန်း များကို ထိန်းချုပ်နိုင်ခြင်းမရှိပါက အလုပ်သမားများအနေဖြင့် ၎င်းတို့၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဆိုင်ရာ ဝယ်ယူနိုင်စွမ်းများ လျော့ကျသွားမည်ဖြစ်ပါသည်။ ထို့ပြင် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ရွေးကောက်ပွဲဆိုင်ရာကတိကဝတ် အရ နိုင်ငံအတွင်း ၁ လကြာ သဘာဝဓာတ်‌ငွေ့အခမဲ့ထောက်ပံ့‌‌ပေးရန် လုပ်ဆောင်ခဲ့ သဖြင့် မေလအတွင်း ငွေကြေးဖောင်းပွမှုသည် ၃၉.၆ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း တူကီယဲအစိုးရ စာရင်းအင်းအဖွဲ့ (TUIK) က ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

REF; Turkey’s Minimum wage erodes by 45 dollars in one week due to exchange rate

No comments:

Post a Comment