Saturday, June 24, 2023

တူကီယဲနိုင်ငံက ပင်လယ်နက်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အရေးပါဆုံးသော နိုင်ငံတစ်နိုင်ငံဖြစ်ခြင်း

Daily Sabah; Jun-25(Sun)
တူကီယဲနိုင်ငံသည် ပင်လယ်နက်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Black Sea Economic Cooperation-BSEC) ၏ အရေးပါဆုံးနှင့် အတက်ကြွဆုံး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု BSEC အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် လာဇာကိုမန်နက်စ် (Lazar Comanescu) က ပြောကြားခဲ့ကြောင်း Daily Sabah သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ထို့ပြင် အဖွဲ့အတွင်း ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် လုပ်ငန်းမြှင့်တင်ဆောင်ရွက်မှုများကို ဦးစီးဆောင်ရွက်ရသောနိုင်ငံလည်းဖြစ်ပါသည်။ တူကီယဲနိုင်ငံသည် လာမည့်ဇူလိုင်လ ၁ ရက်မှစ၍ နောက် ၆ လအထိ BSEC အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို စတင်ထမ်းဆောင်မည်ဖြစ်ပြီး ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ရပ်ဆိုင်းထားရသော လုပ်ငန်းများကို ပြန်လည်စတင်လည်ပတ်ခဲ့နိုင်ကြောင်း ကိုမန်နက်စ်က ပြောကြားခဲ့ပါသည်။
BSEC အဖွဲ့ကို ၁၉၉၂ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာ နှစ်ပေါင်း ၃၁ နှစ်တိုင်တိုင် ရှိခဲ့ပြီဖြစ်ပါသည်။ တူကီယဲနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးဆွေးနွေးပွဲများနှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ခြင်းဖြင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကို တိုးမြှင့်ရန် ဦးစီးဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။ ပင်လယ်နက်ဒေသတွင်း သဘာဝဓာတ်ငွေ့ပေါကြွယ်ဝမှုနှင့်ပတ်သက်၍ စွမ်းအင်ကဏ္ဍသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် BSEC အဖွဲ့၏ ဦးစားပေး ကဏ္ဍတစ်ရပ်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ သဘာဝဓာတ်ငွေ့ပေါကြွယ်ဝမှုကြောင့် ပင်လယ်နက် ဒေသတစ်ခုလုံးအတွက် ကောင်းမွန်သောအကျိုးသက်ရောက်မှုများ ရရှိနိုင်စေမည်ဖြစ် ကြောင်း ၎င်း၏ပြောကြားချက်အရ သိရှိရပါသည်။
Ref; Turkiye key actor of Black Sea Economic Cooperation

No comments:

Post a Comment