Wednesday, January 13, 2021

ဂရိလွှတ်တော်သည် ရာဖေးလ်တိုက်လေယာဉ်များဝယ်ယူရေးဆိုင်ရာ ဥပဒေမူကြမ်းအား အတည်ပြုပေးခဲ့ခြင်း

 Reuters; Jan-14(Thu)

              ဂရိလွှတ်တော်သည် ဇန်နဝါရီလ ၁၄ ရက်တွင်ပြုလုပ်ခဲ့သည့် လွှတ်တော် အစည်းအဝေး၌ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပြုတင်သွင်းထားသည့် ပြင်သစ်နိုင်ငံ ထုတ် ရာဖေးလ် (Rafale) တိုက်လေယာဉ် ၁၈ စီးဝယ်ယူဖြည့်တင်းရေးဆိုင်ရာ ဥပဒေ မူကြမ်းအား အတည်ပြုပေးခဲ့ပါသည်။ အဆိုပါဥပဒေမူကြမ်းအား အာဏာရနယူး ဒီမိုကရေစီ (New Democracy) ပါတီအပါအဝင် အဓိကအတိုက်အခံပါတီဖြစ်သော SYRIZA-Progressive Alliance ပါတီ၊ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုပါတီ (Movement for Change-KINAL) နှင့် Greek Solution ပါတီတို့က ထောက်ခံခဲ့ကြပြီး ဂရိကွန်မြူနစ် ပါတီ (Greek Communist Party) နှင့် MeRA25 ပါတီတို့က ကန့်ကွက်ခဲ့ကြပါသည်။ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကော်မတီများအနေဖြင့် လေယာဉ်ဝယ်ယူနိုင်ရေး သဘောတူညီမှုများ၏ အကောင်အထည်ဆောင်ရွက်မှုများအား စောင့်ကြည့်စစ်ဆေး သွားရန် ကာကွယ်ရေးဝန်ကြီး နီကို့စ်ပန်ဂျီအိုတိုပိုလက်စ် (Nikos Panagiotopou los) က တောင်းဆိုခဲ့ပါသည်။ ထို့ပြင် လွှတ်တော်အမြဲတမ်းကော်မတီမှ အဆိုပါဝယ်ယူမှု နှင့်ပတ်သက်၍ စောင့်ကြည့်စစ်ဆေးမှုများကို ၆ လ ၁ ကြိမ်ပြုလုပ်ပေးရန် KINAL ပါတီ၏ ဖြည့်စွက်ပြင်ဆင်မှုအား ဂရိကာကွယ်ရေးဝန်ကြီးက လက်ခံခဲ့ပါသည်။

          ဂရိနိုင်ငံအနေဖြင့် ရာဖေးလ်တိုက်လေယာဉ်များအား အပိုင်း ၃ ပိုင်းခွဲ၍ လက်ခံ ရရှိသွားရန်စီစဉ်ထားရှိပြီး ပထမဆုံးလေယာဉ် ၆ စီးအား လက်မှတ်ရေးထိုးပြီး ၆ လ အကြာ ၂၀၂၁ ခုနှစ်၊ ဇွန်လ၌လည်းကောင်း၊ ထပ်မံ၍လ ၂၀ ခန့်အကြာတွင် ဒုတိယ အကြိမ်အဖြစ် နောက်ထပ် ၆ စီးနှင့် နောက်ထပ် ၂၆ လအကြာ၌ နောက်ဆုံး ကျန်ရှိသည့် ၆ စီးအား အသီးသီးလက်ခံရရှိသွားရန် စီစဉ်ထားပါသည်။ ကာကွယ်ရေး ဝန်ကြီး ပန်ဂျီအိုတိုပိုလက်စ်အနေဖြင့် လာမည့်သီတင်းပတ်တွင် ဂရိနိုင်ငံ၊ မြို့တော် အေသင် (Athens)၌ ပြင်သစ်ကာကွယ်ရေးဝန်ကြီးနှင့်တွေ့ဆုံ၍ လေယာဉ်ဝယ်ယူရေး သဘောတူညီချက်အား လက်မှတ်ရေးထိုးသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment