Sunday, January 31, 2021

တူရကီနိုင်ငံသည် အနောက်နိုင်ငံများနှင့် တရုတ်၊ရုရှားနိုင်ငံများအပေါ် မှီခိုမှုများနှင့် ရပ်တည်ချက်များလုပ်ဆောင်သွားမည်ဖြစ်ကြောင်သမ္မတပြောကြားခြင်း

 

တူရကီနိုင်ငံသည် အနောက်နိုင်ငံများဖြစ်သည့် မဟာမိတ်များအပေါ် ၎င်း၏ မှီခိုမှုများအား တဖြည်းဖြည်းချင်းပြောင်းလဲသွားမည်ဖြစ်ကြောင်းနှင့် တရုတ်နှင့် ရုရှားနိုင်ငံများအပေါ် ၎င်း၏ရပ်တည်ချက်များအား ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူရကီ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဖေဖော်ဝါရီလ ၁ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ဆီးရီးယား၊ လစ်ဗျားနှင့် အဇာဘိုင်ဂျန်တို့၏ ပဋိပက္ခများတွင် ဝင်ရောက်စွက်ဖက်မှုများပြုလုပ်ခဲ့ပြီး ဂရိနှင့် ဆိုက်ပရက်စ်နိုင်ငံများ နှင့်လည်း အငြင်းပွားမှုများဖြစ်ပေါ်လျက်ရှိပါသည်။ တူရကီနိုင်ငံသည် ရုရှားနိုင်ငံထုတ် S-400 ဝယ်ယူခြင်း၊ နေတိုးကာကွယ်ရေးစနစ်များအား ထိခိုက်စေနိုင်သည့် လက်နက်များ ဝယ်ယူခြင်းနှင့် မဟာမိတ်နိုင်ငံများ၏ စည်းမျဉ်းများအား ဖောက်ဖျက်ခြင်းများကြောင့် အမေရိကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းခံခဲ့ရကြောင်း သိရှိရပါသည်။

No comments:

Post a Comment