Sunday, May 2, 2021

ဂျာမနီ၊ပြင်သစ်နှင့်စပိန်တို့ဂျက်တိုက်လေယာဉ်အားနောက်တစ်ဆင့်ထုတ်လုပ်ရန်နှင့်ပက်သက်၍သဘောတူညီမှုမရှိသေးကြောင်းဂျာမနီကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ခြင်း

            ဂျာမနီ၊ ပြင်သစ်နှင့် စပိန်နိုင်ငံတို့သည် ဂျက်တိုက်လေယာဉ်အား နောက်တစ်ဆင့် ပူးတွဲထုတ်လုပ်ရန်အတွက် ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်၍ သဘော တူညီမှုမရရှိသေးကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနက မေလ ၁ ရက်တွင် ပြောကြား ခဲ့ပါသည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ဂျာမနီနှင့် ပြင်သစ်ကာကွယ်ရေးဝန်ကြီး တို့သည် ဥရောပ၏ အကြီးဆုံးသော ကာကွယ်ရေးစီမံကိန်းဖြစ်သည့် အနာဂတ် တိုက်ခိုက်ရေးလေကြောင်းစနစ် (The Future Combat Air System-FCAS) နှင့် သဘောတူညီမှုရရှိရန် ဧပြီလအကုန်တွင် နောက်ဆုံးသတ်မှတ်ထားပြီးဖြစ်ပါသည်။ ဂျက်တိုက်လေယာဉ် ပူးတွဲထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ်သည် ယူရို ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံ) ကုန်ကျမည်ဖြစ်ပြီး အဆိုပါနိုင်ငံများ အနေဖြင့် လာမည့်သီတင်းပတ်အတွင်း သဘောတူညီမှုရရှိရန် မျှော်မှန်းထားရှိပါသည်။ ထို့ပြင် အဆိုပါဂျက်တိုက်လေယာဉ်အား ပူးတွဲထုတ်လုပ်ရာတွင် ဉာဏပစ္စည်းမူပိုင်ခွင့်ကို အသုံးပြုရန်အတွက် လုံလောက်သောအစီအစဉ်များရှိရန် လိုအပ်ကြောင်းလည်း ဂျာမနီ ကာကွယ်ရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment