Friday, May 21, 2021

တူရကီနိုင်ငံခြားရေးဝန်ကြီးနှင့် ကုလသမ္မဂအထွေထွေအတွင်းရေးမှူးချုပ်တို့တွေ့ဆုံဆွေးနွေးခဲ့ခြင်း

    တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် (Antonio Guterres) တို့သည် ပါလက်စတိုင်းပဋိပက္ခများအပါအဝင် နိုင်ငံတကာရေးရာကိစ္စရပ် များနှင့်ပတ်သက်၍ မေလ ၂၀ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ကမ္ဘာလုံး ဆိုင်ရာပြဿနာရပ်များဖြစ်သည့် ပါလက်စတိုင်း၊ အာဖဂန်နစ္စတန်၊ လစ်ဗျားနှင့် ဆီးရီးယားနိုင်ငံတို့တွင်ဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခများအပါအဝင် အစ္စရေးနိုင်ငံ အပေါ် ပြင်းထန်စွာတုံ့ပြန်ရေးနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပါသည်။ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းပြည်သူ အနည်းဆုံး ၂၃၂ ဦးသေဆုံးခဲ့ပြီး ၁,၇၀၀ ကျော်သည် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment