Friday, May 28, 2021

တူရကီနိုင်ငံတွင်တွေ့ရှိသည့်ရေနံသိုက် ၃ ခုမှ ရေနံတူးဖော်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ခြင်း

        တူရကီနိုင်ငံအနေဖြင့် ဒီယာဘာကီရာ (Diyarbakia) နှင့် ကာကလာရီလီ (Kirklareli) စီရင်စုတို့၌ အသစ်တွေ့ရှိသည့် ရေနံသိုက် ၃ ခုမှ ရေနံတူးဖော်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူရကီစွမ်းအင်ဝန်ကြီး ဖာတက်ခ်ဒွန်မက်ခ် (Fatih Donmez) က မေလ ၂၇ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီသည် ပင်လယ်နက် အတွင်း သဘာဝဓာတ်ငွေ့ ၄၀၅ ဘီလီယံကုဗမီတာ တွေ့ရှိပြီးနောက် နိုင်ငံအတွင်း နောက်ထပ်ရေနံသိုက် ၃ ခု ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ၎င်းရေနံသိုက် ၃ ခုသည် နေ့စဉ်ရေနံစည်ပေါင်း ၆,၈၀၀ ကုဗမီတာ ထုတ်လုပ်နိုင် မည်ဖြစ်ပါသည်။ ၎င်းအပြင် တူရကီနိုင်ငံ၏ နေ့စဉ်ပျှမ်းမျှရေနံထုတ်လုပ်မှုမှာ ရေနံစည်ပေါင်း ၆၁,၀၀၀ ကျော်ဖြစ်ကြောင်း သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က မေလ ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment