Thursday, May 6, 2021

နျူကလီးယားပူးပေါင်းဆောင်ရွက်မှု၏ကော်မရှင်အားဩစတြီးယားနိုင်ငံ၌မေလ၇ရက်တွင်အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်းပြောကြားခဲ့ခြင်း

        ပြီးပြည့်စုံသော နျူကလီးယားပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Joint Comprehensive Plan of Action-JCPOA) ၏ ပူးတွဲကော်မရှင်သည် မေလ ၇ ရက်တွင် ဩစတြီးယားနိုင်ငံ၊ မြို့တော်ဗီယင်နာ (Vienna) ၌ အစည်းအဝေး တစ်ရပ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ၎င်းအစည်းအဝေးတွင် ဥရောပသမဂ္ဂ (EU) ၏ အထူးကိုယ်စားလှယ် ဂျိုးဆက်ဘော်ရယ် (Josep Borrell) ကိုယ်စား ဥရောပသမဂ္ဂ၏ အထူးကိုယ်စားလှယ် အန်ရီကွီမိုရာ (Enrique Mora) က JCPOA ပူးတွဲကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် အဆိုပါအစည်းအဝေးသို့ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ ဗြိတိန်နှင့် အီရန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်သွားမည်ဖြစ်ပြီး ၎င်းအစည်းအဝေးတွင် JCPOA သို့ အမေရိကန်ပြန်လည်ပါဝင်လာနိုင်ရေးနှင့်ပတ်သက်သည့်ကိစ္စရပ်များအား ဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment