Saturday, May 22, 2021

ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီးသည်အီဂျစ်နိုင်ငံသို့ချစ်ကြည်ရေးသွားရောက်မည်ဖြစ်ပြီး အီဂျစ်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံမှုပြုလုပ်ရန်ရှိကြောင်းပြောကြားခဲ့ခြင်း

        ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ခရစ်တိုဒိုလီဒက်စ် (Nikos Christodulides) သည် အီဂျစ်နိုင်ငံ၊ မြို့တော် ကိုင်ရို (Cairo) သို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ပြီး ၎င်းခရီးစဉ်အတွင်း အရှေ့အလယ်ပိုင်းဒေသ၏ နောက်ဆုံးဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ဆိုက်ပရပ်စ်အရေးကိစ္စနှင့်ပတ်သက်၍ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဆာမက်ရှော့ခ်ရီ (Sameh Shoukry) နှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုက်ပရပ်စ်နိုင်ငံ ခြားရေးဝန်ကြီးဌာနက မေလ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် တွေ့ဆုံဆွေးနွေးမှု အတွင်း နှစ်နိုင်ငံအကြား ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးကိစ္စရပ် များအပါအဝင် ဆိုက်ပရပ်စ်အရေးကိစ္စအပေါ် အပြန်အလှန် အမြင်ချင်းဖလှယ်မှုများ၊ မြေထဲပင်လယ်အရေးကိစ္စနှင့် ဥရောပသမဂ္ဂနှင့် အီဂျစ်နိုင်ငံတို့အကြား ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များအား ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။ အဆိုပါချစ်ကြည်ရေးခရီးစဉ်အတွင်း အီဂျစ်သမ္မတ အဗ္ဗဒယ်လ်ဖာတက်အယ်လ်စီစီ (Abdel Fattah El-Sisi) နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment