Wednesday, May 26, 2021

အမေရိကန်နှင့်ဂရိတပ်ဖွဲ့များပါဝင်သော ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ကျင်းပပြုလုပ်ခဲ့ပြီးနောက်ဆုံးအဆင့်လေ့ကျင့်ခန်းများအား အဆုံးသတ်လေ့ကျင့်ခဲ့ကြောင်း

        အမေရိကန်နှင့် ဂရိတပ်ဖွဲ့များပါဝင်သော ပူးတွဲစစ်ရေးလေ့ကျင့်ခန်းအား ဂရိနိုင်ငံမြောက်ပိုင်းရှိ ဆန်သီမြို့ (Xanthi) အနီးတွင် မေလတတိယပတ်အတွင်း ကျင်းပပြုလုပ်ခဲ့ပြီး မေလ ၂၅ ရက်တွင် နောက်ဆုံးအဆင့် လေ့ကျင့်ခန်းအား အဆုံးသတ်လေ့ကျင့်ခဲ့ပါသည်။ အဆိုပါ အမေရိကန်-ဂရိ ကြည်းတပ်လေ့ကျင့်ခန်း (၂၁ ရာစု ရုတ်ခြည်းတုံ့ပြန်မှုလေ့ကျင့်ခန်း) သည် ကြီးမားသည့် ဥရောပခံတပ် ၂၀၂၁ အမည်ရှိ အမေရိကန်-ဥရောပ ပူးတွဲစစ်ရေးလေ့ကျင့်ခန်း (Defender-Europe 2021) ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျည်စစ်ကျည်မှန်ဖြင့်လေ့ကျင့်သည့် တပ်မဟာအဆင့် လက်တွေ့လေ့ကျင့်ခန်းဖြစ်ပါသည်။ ၎င်းလေ့ကျင့်ခန်းတွင် ဗြိတိန်နိုင်ငံက အုပ်ချုပ် ထောက်ပံ့မှုအပိုင်းမှ ပါဝင်ခဲ့ပါသည်။ အမေရိကန်-ဥရောပ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ဘော်လကန်ဒေသတွင်းနိုင်ငံများနှင့် ဟန်ဂေရီနိုင်ငံတို့တွင် လုပ်ဆောင်ခဲ့ပြီး မြောက်အတ္တလန္တိတ်စစ်စာချုပ် (NATO) မှတစ်ဆင့် ဥရောပနိုင်ငံများ၏ လုံခြုံမှုကို အာမခံကြောင်း ပြသသည့်လေ့ကျင့်ခန်းအဖြစ် တွေ့ရှိရပါသည်။

No comments:

Post a Comment