ပိုလန်နိုင်ငံသည် Leopard 2 ပင်မတိုက်ပွဲဝင်တင့်ကားများအတွက် ယူကရိန်း တပ်ဖွဲ့ဝင်များကို သီတင်းပတ် ၅ ပတ်ကြာ လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ထား ကြောင်း ပိုလန်၏ Leopard လေ့ကျင့်ရေးစင်တာအကြီးအကဲ ဗိုလ်မှူး မက်စီဘန်နက် ဇမ်စကီ (Maciej Banaszynski) က ပြောကြားထားသည်ဟု Pravda သတင်းဌာနက ဇန်နဝါရီလ ၃၁ ရက်တွင် ဖော်ပြထားပါသည်။ Leopard လေ့ကျင့်ရေးကွင်းများ၌ တပ်ဖွဲ့ဝင် ၄ ဦးစီပါဝင်သည့် အဖွဲ့ ၁၄ ဖွဲ့အထိ တစ်ချိန်တည်းလေ့ကျင့်ပေးနိုင်ပြီး ပုံမှန်အချိန်တွင် လေ့ကျင့်ရေးကာလသည် သီတင်းပတ် ၁၀ ပတ်ခန့်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားထားပါသည်။ ပိုလန်နိုင်ငံသည် ယူကရိန်းနိုင်ငံသို့ Leopard တင့်ကား ၁၄ စီး ပေးပို့ရန် ကတိပြုထားကြောင်း သိရှိရပါသည်။
Tuesday, January 31, 2023
ပိုလန်နိုင်ငံသည် Leopard 2 ပင်မတိုက်ပွဲဝင်တင့်ကားများအတွက် ယူကရိန်း တပ်ဖွဲ့ဝင်များကို သီတင်းပတ် ၅ ပတ်ကြာ လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ထား ခြင်း
ဆွီဒင်၏ NATO အဖွဲ့သို့ ဝင်ရောက်ခွင့်အား လက်ရှိအချိန်တွင် ထောက်ခံပေးရန် မဖြစ်နိုင်သေးကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း
Turkish Minute;Jan-31(Tue)
တူကီယဲနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင်
ဆွီဒင်နိုင်ငံ၏ NATO အဖွဲ့သို့ ဝင်ရောက်ခွင့်အား ထောက်ခံရန်မဖြစ်နိုင်သေးကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး
မဲလ်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ပြောကြားခဲ့သည်ဟု Turkish Minute သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ကာဗူဆိုဂလူသည် ဇန်နဝါရီလ ၃၁ ရက်တွင် ဟန်ဂေရီနိုင်ငံ၊
မြို့တော် ဘူဒါပတ် (Budapest) သို့ သွားရောက်လည်ပတ်စဉ်အတွင်း
ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ပီတာဆီဂျာတို (Peter
Szijjarto) နှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဆွီဒင်နိုင်ငံအနေဖြင့် ၎င်း၏ တာဝန်ဝတ္တရားများကို
ကျေပွန်လျှင် တူကီယဲနှင့် ဆွီဒင်တို့ အကြား ဆွေးနွေးမှုများပြုလုပ်သွားနိုင်သော်လည်း
ယခုအချိန်တွင် ဆွီဒင်အား NATO အဖွဲ့ဝင်အဖြစ်လက်ခံပေးရန် မဖြစ်နိုင်သေးကြောင်း ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။ ထို့ကြောင့် တူကီယဲအနေဖြင့်
ဆွီဒင်တာဝန်ရှိသူများနှင့် တတိယအကြိမ်မြောက်ပြုလုပ်မည့် အစည်းအဝေးကိုလည်း ဖျက်သိမ်းခဲ့ကြောင်း
၎င်းက ပြောကြားခဲ့ပါသည်။
ဆွီဒင်နိုင်ငံ၊ မြို့တော် စတော့ဟုမ်း (Stockholm) ရှိ တူကီယဲသံရုံး၏
အပြင်ဘက်တွင် ကုရ်အာန်ကျမ်းစာအုပ်ကို မီးရှို့ခဲ့သည့်ဖြစ်စဉ်အပါအဝင် သီတင်းပတ်တစ်ပတ်ခန့်ကြာ
ဆန္ဒပြပွဲများကို ခွင့်ပြုပေးခဲ့သည့်အတွက်
တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန်
(Recep Tayyip
Erdogan) က ဆွီဒင်အပေါ် ဝေဖန်ခဲ့ပြီးနောက် တူကီယဲသည် ဆွီဒင်နှင့်
NATO အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမှုကို ပြီးခဲ့သည့်သီတင်းပတ်တွင် ရွှေ့ဆိုင်းခဲ့ပါသည်။
သမ္မတ အာဒိုဂန်သည် လွန်ခဲ့သည့်လအနည်းငယ်အတွင်း
ဆွီဒင်နှင့်ဖင်လန်နိုင်ငံတို့၏ ရပ်တည်ချက် များအကြား ကွဲပြားခြားနားမှုကို ဇန်နဝါရီလ
၂၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး လိုအပ်လျှင် ဖင်လန်နိုင်ငံအတွက် အဖွဲ့ဝင်အဖြစ်
ထောက်ခံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
ရုရှားနှင့် ၁,၃၀၀ ကီလိုမီတာ (၈၀၀
မိုင်) နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့သည် ၎င်းတို့၏ ဆယ်စုနှစ်များစွာကြာ
ဘက်မလိုက်သောမူဝါဒ များကို အဆုံးသတ်ရန် ပူးတွဲဆုံးဖြတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊
ဇွန်လတွင် ကျင်းပပြုလုပ်သည့် NATO ထိပ်သီးအစည်းအဝေး၌ အဖွဲ့ဝင်ဖြစ်ရေး တရားဝင်လျှောက်ထားခဲ့ပါသည်။
NATO အဖွဲ့ဝင်နိုင်ငံအားလုံးက အတည်ပြုထောက်ခံပေးမှသာ
အဖွဲ့ဝင်ဖြစ်နိုင်မည်ဖြစ်ပါသည်။ ထို့နောက် NATO အဖွဲ့ဝင်နိုင်ငံ ၃၀ အနက် တူကီယဲနှင့်
ဟန်ဂေရီနိုင်ငံတို့မှအပ ကျန် ၂၈ နိုင်ငံသည် ၎င်းတို့၏အဆိုပြုချက်များအား အတည်ပြုခဲ့ပါသည်။
ဟန်ဂေရီလွှတ်တော်သည် လာမည့်
ဖေဖော်ဝါရီလတွင် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထား
မှုအား အတည်ပြုပေးသွားမည်ဟု ဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) က ကတိပြုခဲ့ပါသည်။ တူကီယဲသည် ဆွီဒင်နှင့်
ဖင်လန်နိုင်ငံတို့နှင့်အတူ NATO
အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမှုများကို ၂ ကြိမ်တိုင် ပြုလုပ်ခဲ့ပါသည်။ ဆွီဒင်နိုင်ငံ၌
ဖင်လန်နိုင်ငံထက် ပိုများသော ကာ့ဒ်လူမျိုးစုများရှိနေခြင်းကြောင့်
ဆွီဒင်သည် တူကီယဲ၏ တောင်းဆိုမှုများကို လိုက်လျော ပေးရန် အခက်ကြုံနေရလျက်ရှိပါသည်။
ထို့အပြင် ဆွီဒင်နိုင်ငံ၊ မြို့တော် စတော့ဟုမ်း (Stockholm) ရှိ တူကီယဲသံရုံး၏ အပြင်ဘက်တွင် ကုရ်အာန်ကျမ်းကို
မီးရှို့ခြင်းအပါအဝင် သီတင်းပတ်တစ်ပတ်ခန့်ကြာ ဆန္ဒပြပွဲများကို ခွင့်ပြုပေးခဲ့သည့်အတွက် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဆွီဒင်အပေါ်
ဝေဖန်ခဲ့ပြီးနောက် တူကီယဲသည်
ဆွီဒင်နှင့် NATO အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမှုကို ပြီးခဲ့သည့် သီတင်းပတ်တွင် ဆိုင်းငံ့ခဲ့ပါသည်။ သမ္မတ
အာဒိုဂန်သည် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့အကြား ကွဲပြားခြားနား မှုများကို
ဇန်နဝါရီလ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး လိုအပ်လျှင် ဖင်လန် နိုင်ငံအတွက် အဖွဲ့ဝင်အဖြစ်
ထောက်ခံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့ဖြစ်၍ တူကီယဲအနေဖြင့် ဆွီဒင်အား
NATO အဖွဲ့ဝင်ဖြစ်ရေးကို ထောက်ခံပေးခြင်း မရှိမှုသည် တူကီယဲနှင့် အခြားသော NATO အဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပေါ်လာနိုင်သည့်တိုင်အောင်
၎င်း၏အမျိုးသားလုံခြုံရေးကိုသာ ဦးစားပေး၍ ဆက်လက် ဆောင်ရွက်သွားနိုင်ဖွယ်ရှိကြောင်း
သုံးသပ်တင်ပြအပ်ပါသည်။
Monday, January 30, 2023
တူကီယဲသည် ပင်လယ်နက်အတွင်းမှ သဘာဝဓာတ်ငွေ့များအား စတင်ထုတ်လုပ်သွားမည်ဆိုခြင်း
Monday, January 23, 2023
ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် NATO အဖွဲ့သို့ ဝင်ရောက်ရန် အသင့်ဖြစ်နေပြီဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ခြင်း
အီရန်နှင့် ရုရှားနိုင်ငံတို့သည် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများနှင့် ရင်ဆိုင် ရလျက်ရှိစဉ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်ရန် အီရန်က တောင်းဆိုခဲ့ခြင်း
ကိုဆိုဗိုအထူးရဲတပ်ဖွဲ့ (ROSU) သည် ဆာ့ဘ်လူမျိုးနှစ်ဦး လိုက်ပါစီးနင်းလာ သည့် မော်တော်ယာဉ်တစ်စီးကို ဇန်နဝါရီလ ၂၃ ရက်တွင် သေနတ်ဖြင့် ပစ်ခတ်တားဆီခဲ့ခြင်း
Sunday, January 22, 2023
ဂျာမနီနိုင်ငံသည် ယူကရိန်း၌ ရုရှားတို့၏ အရှုံးနှင့်ရင်ဆိုင်ရမည့်အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်နေခြင်းဖြစ်ကြောင်း လစ်သူရေးနီးယား နိုင်ငံခြားရေးဝန်ကြီက ပြောကြားခဲ့ခြင်း
ဂျာမနီသည် Patriot လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များကို ပိုလန်၌ စတင်တပ်ဖြန့်ချထားသွားမည်ဆိုခြင်း
တူကီယဲလွှတ်တော်နှင့် သမ္မတရွေးကောက်ပွဲများကို မေလ ၁၄ ရက်တွင် ကျင်းပသွားမည်ဟု သမ္မတ အာဒိုဂန်က ပြောကြားခဲ့ခြင်း
Saturday, January 21, 2023
တူကီယဲနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကိုမြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်း
Friday, January 20, 2023
အမေရိကန်သည် ရိုမေးနီးယားနိုင်ငံအရှေ့တောင်ပိုင်းတွင် တပ်ဖြန့်ချထားသော အမေရိကန်တပ်ဖွဲ့ဝင်များကို ဆက်လက်ထားရှိသွားမည်ဆိုခြင်း
Thursday, January 19, 2023
မော်လ်ဒိုဗာနိုင်ငံသည် NATO အဖွဲ့သို့ဝင်ရောက်ရန် ဆွေးနွေးမှုများပြုလုပ်လျက်ရှိခြင်း
Wednesday, January 18, 2023
အမေရိကန်နှင့် တူကီယဲကာကွယ်ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များသည်ဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီမှုရရှိခဲ့ခြင်း
တူကီယဲနိုင်ငံ၏အထွေထွေရွေးကောက်ပွဲအား လာမည့်မေလ ၁၄ ရက်တွင် ကျင်းပသွားဖွယ်ရှိခြင်း
Tuesday, January 17, 2023
အက်စတိုးနီးယားအစိုးရသည် တောင်ကိုရီးယားနိုင်ငံ၏ Hanwha Defense ကုမ္ပဏီနှင့် K9 အမျိုးအစား ယာဉ်တင်အမြောက် ၁၂ လက် ထပ်မံဝယ်ယူရေးအတွက် ကန်ထရိုက်စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ခြင်း
ပိုလန်နိုင်ငံသည် ရွှေ့ပြောင်းအခြေချနေထိုင်မှုကိစ္စရပ်အား တူကီယဲနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည်ဆိုခြင်း
Monday, January 16, 2023
တူကီယဲကာကွယ်ရေးဝန်ကြီးသည် ချက်သမ္မတ နိုင်ငံကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ခြင်း
NATO အဖွဲ့သည် ရိုမေးနီးယားလေတပ်စခန်းတွင် ကင်းထောက်လေယာဉ်အား စေလွှတ်တပ်ဖြန့်ခဲ့ခြင်း
DRC သည် တူကီယဲနိုင်ငံထံမှ စစ်လက်နက်ပစ္စည်းကိရိယာတန်ဆာပလာများ လက်ခံရရှိခဲ့ခြင်း
Sunday, January 15, 2023
မော်လ်ဒိုဗာနိုင်ငံသည် ဂျာမနီနိုင်ငံမှ စစ်ဘက်ဆိုင်ရာထောက်ပံ့မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် Piranha-3H အမျိုးအစား သံချပ်ကာလူသယ်ယာဉ် ၃ စီးအား လက်ခံရရှိခဲ့ခြင်း
တူကီယဲနှင့် အီရန်နိုင်ငံတို့သည် (၁၉)ကြိမ်မြောက် ကောင်စစ်ဝန်ဆက်ဆံရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်း
အမေရိကန်အနေဖြင့် တူကီယဲနှင့် ဂရိတို့အကြား ဆက်ဆံရေးကို ထိန်းညှိဆောင်ရွက်ရန် တူကီယဲနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ခြင်း
ပိုလန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးမှု များကို ကန့်သတ်ပိတ်ပင်သွားမည်မဟုတ်ကြောင်းဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း
Saturday, January 14, 2023
တူကီယဲနိုင်ငံအနေဖြင့် ဒုံးကျည်များထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဟု တူကီယဲသမ္မတက ပြောကြားခဲ့ခြင်း
Thursday, January 12, 2023
တူကီယဲနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံအတွင်းရှိ တူကီယဲတပ်ဖွဲ့ဝင်များအား ရုပ်သိမ်းပေးရန်နှင့် သူပုန်အဖွဲ့များအပေါ် ထောက်ပံ့ပေးနေမှုများအား ရပ်ဆိုင်းပေးရန် ဆီးရီးယားသမ္မတက တိုက်တွန်းခဲ့ခြင်း
ဟန်ဂေရီဝန်ကြီးချုပ်သည်(OTS) ၏ အထွေထွေအတွင်းရေးမှူးအား လက်ခံတွေ့ဆုံခဲ့ခြင်း
Wednesday, January 11, 2023
ဂရိနိုင်ငံခြားရေးဝန်ကြီးသည် ဂရိရေပိုင်နက် အတွင်း တူကီယဲနိုင်ငံ၏ တရားမဝင်ငါးဖမ်းမှုများကို အရေးယူဆောင်ရွက်ပေးရန် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒအကြီးအကဲ ထံ စာတစ်စောင်ရေးသားပေးပို့ခဲ့ခြင်း
ပိုလန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ ဂျာမနီနိုင်ငံထုတ် Leopard အမျိုးအစား တင့်ကားများ ပေးပို့သွားမည်ဆိုခြင်း
တူကီယဲနိုင်ငံ၏ စွပ်စွဲချက်များကို ယူကရိန်း သံအမတ်ကြီးက ငြင်းဆိုခဲ့ခြငး
Tuesday, January 10, 2023
အက်စတိုးနီးယားအာဏာပိုင်များသည် ၎င်းနိုင်ငံရှိ ရုရှားသံရုံးဝန်ထမ်းများအားလျှော့ချသွားရန် ပြောကြားခဲ့ခြင်း
Monday, January 9, 2023
တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့အကြား ဆွေးနွေးပွဲများပြုလုပ်နေမှုကို နှောင့်ယှက်ဖျက်ဆီးခြင်းမပြုလုပ်ရန် ဆီးရီးယားသူပုန်များကို သတိပေးပြောကြားခဲ့ခြင်း
ဟန်ဂေရီသည် ကိုဆိုဗို၏ ဉရောပအဖွဲ့အစည်းများသို့ အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းမှုများကို ကန့်ကွက်သွားမည်ဆိုခြင်း
Sunday, January 8, 2023
တူကီယဲနိုင်ငံသည် ၎င်း၏ တိုက်လေယာဉ်ထုတ်လုပ်ရေးစီမံကိန်းတစ်ခုသို့ ပါဝင်ရန် အဇာဘိုင်ဂျန်နိုင်ငံအား ဖိတ်ခေါ်ခဲ့ခြင်း
NATO အဖွဲ့ဝင်ဖြစ်ရေးထောက်ခံမှုအတွက် တူကီယဲနိုင်ငံ၏ တောင်းဆိုချက်အချို့အား လက်ခံသွားနိုင်မည်မဟုတ်ကြောင်း ဆွီဒင်ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း
Saturday, January 7, 2023
ဆားဘီးယားစစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင်များစေလွှတ်ပေးရန် ဆားဘီးယားသမ္မတ၏ တောင်းဆိုချက်ကို NATO ငြိမ်းချမ်းရေးအစောင့်တပ်ဖွဲ့က ငြင်းပယ်ခဲ့ခြင်း
မော်လ်ဒိုဗာသည် အစောပိုင်းကာလတွင် ဥရောပကော်မရှင်မှ အဆိုပြုထားသည့် ပူးတွဲဓာတ်ငွေ့ဝယ်ယူရေးပလက်ဖောင်းကို စိတ်ဝင်စားလျက်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း
Friday, January 6, 2023
ဂရိအစိုးရသည် တူကီယဲနှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဒေသ၌ သံမဏိခြံစည်းရိုးတည်ဆောက်ရန် စီစဉ်လျက်ရှိခြင်း
တူကီယဲနိုင်ငံသည် သဘာဝဓာတ်ငွေ့အတွက် ငွေပေးချေမှုရွှေ့ဆိုင်းပေးရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရုရှားနိုင်ငံနှင့်ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိခြင်း
တူကီယဲနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာအကျပ်အတည်းဖြစ်ပေါ်လာနိုင်မှုကို ကာကွယ်တားဆီးပေးခဲ့သည်ဆိုခြင်း
Thursday, January 5, 2023
တူကီယဲသမ္မတသည် ဆီးရီးယားသမ္မတနှင့် တွေ့ဆုံနိုင်ဖွယ်ရှိခြင်း
တူကီယဲနှင့် ရုရှားတို့သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ပူးတွဲကင်းလှည့်သွားမည်ဆိုခြင်း
တူကီယဲနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့သည် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ၁.၅ ဘီလီယံကုဗမီတာအထိ ပေးပို့နိုင်သည့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ခြင်း
ပိုလန်အစိုးရသည် အမေရိကန်နိုင်ငံထံမှ ပင်မတိုက်ပွဲဝင်တင့်ကား ၁၁၆ စီးအား ဝယ်ယူရန် သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း
တူကီယဲနှင့် ရုရှားတို့သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ပူးတွဲကင်းလှည့်သွားမည်ဆိုခြင်း
အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာ၊ ရိုမေးနီးယားနှင့် ဟန်ဂေရီအစိုးရများအကြား အစိမ်းရောင်စွမ်းအင်တင်ပို့မှုဆိုင်ရာ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ခြင်း
Wednesday, January 4, 2023
တူကီယဲနှင့် ဘူလ်ဂေးရီးယားတို့သည် သဘာဝဓာတ်ငွေ့ဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့
ပိုလန်အစိုးရသည် အမေရိကန်နိုင်ငံထံမှ ပင်မတိုက်ပွဲဝင်တင့်ကားများဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့ခြင်း
တူကီယဲနှင့် ရုရှားတို့သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ပူးတွဲကင်းလှည့်သွားမည်ဆိုခြင်း
တူကီယဲနှင့် ယူကရိန်းသမ္မတတို့သည် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း
အမေရိကန်နှင့် တူကီယဲတို့သည် ISIL(ISIS) အဖွဲ့အား ပံ့ပိုးကူညီခဲ့သည်ဟု သံသယရှိသော လူပုဂ္ဂိုလ်များနှင့် စီးပွားရေးကွန်ရက်တစ်ခုအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ခြင်း
တူကီယဲနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့သည် သဘာဝဓာတ်ငွေ့ရောင်းဝယ်ရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ခြင်း
တူကီယဲနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့သည် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ၁.၅ ဘီလီယံကုဗမီတာအထိ ပေးပို့နိုင်သည့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း TRT World သတင်းဌာနက ဇန်နဝါရီလ ၅ ရက်တွင် ဖော်ပြခဲ့ပါ သည်။ အဆိုပါသဘောတူညီချက်အသစ်သည် ၁၃ နှစ်တာကာလ အကျုံးဝင်မည်ဖြစ်ပြီး ဘူလ်ဂေးရီးယားနိုင်ငံအပါအဝင် ဥရောပ၏ သဘာဝဓာတ်ငွေ့ဖူလုံရေးအတွက် များစွာ အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။ အထက်ပါသဘောတူညီချက်ကို တူကီယဲရေနံ ပိုက်လိုင်းကော်ပိုရေးရှင်းနှင့် ဘူလ်ဂါဂက်ဇ် (Bulgargaz) ကုမ္ပဏီတို့မှ အထွေထွေမန်နေဂျာ များက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။