၁၂။
တူရကီဒုတိယသမ္မတ
ဖူရတ်အော့ခ်တေး (Fuat Oktay) နှင့် ဗြိတိန်သံအမတ်ကြီး ဒိုမီနစ်ချီကော့
(Dominick Chilcott) တို့သည် တူရကီနိုင်ငံ၊ မြို့တော် အန်ကာရာ၌ မတ်လ ၁၀ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ၎င်းတို့နှစ်ဉီးသည် တွေ့ဆုံ ဆွေးနွေးပွဲအတွင်း ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ်စီရင်စု၏ လတ်တလောဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် နှစ်နိုင်ငံအရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးမှု အတွင်း တူရကီအမျိုးသားသဘာဝဘေးနှင့်
အရေးအပေါ်အခြေအနေစီမံခန့်ခွဲမှုအာဏာပိုင် အဖွဲ့ (National Disaster and
Emergency Management Authority AFAD)နှင့် တူရကီလခြမ်းနီအဖွဲ့(Turkish Red
Crescent) ကဲ့သို့သော အဖွဲ့အစည်းများမှတစ်ဆင့် တူရကီသို့ အကူအညီပေးမည့်အစီအစဉ်ကိုလည်း
၎င်းတို့နှစ်ဉီးစလုံးက သဘောတူညီခဲ့ ကြပါသည်။ ဗြိတိန်နိုင်ငံသည်
ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှ ရွှေ့ပြောင်းဒုက္ခသည်များကို ကမ္ဘာ့ကုလသမဂ္ဂမှတစ်ဆင့် အကူအညီပေးနေသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထို့ပြင်
၎င်းတို့နှစ်ဉီးသည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရန်နှင့်
လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ရန်အတွက်
ရှေ့ဆက်ပြုလုပ်သွားမည့်ဆွေးနွေးပွဲ များအပေါ် အမြင်ခြင်းဖလှယ်ခဲ့ကြကြောင်း
သိရှိရပါသည်။
No comments:
Post a Comment