၉။ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဂရိနိုင်ငံအနေဖြင့် တူရကီရေပိုင်နက် အတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်း၊ သတင်းသမားများအား ဖမ်းဆီးထောင်ချခြင်းတို့နှင့် စပ်လျဉ်း၍ တူရကီနိုင်ငံဆိုင်ရာ ဂရိသံအမတ်ကြီး မိုက်ကယ်ခရစ်စတိုဒိုင်ယာမက်စစ် (Michael-Christos Diamessis) အား မတ်လ ၁၁ ရက်တွင် ဆင့်ခေါ်ခဲ့ပါသည်။ တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဂရိနိုင်ငံအား တူရကီရေပိုင်နက်အတွင်းသို့ ကျူးကျော် ဝင်ရောက်မှုများအား အဆုံးသတ်ရန်၊ လက်စ်ဘို့စ် (Lesbos) နှင့် ရိုဒက်စ် (Rhodes) ကျွန်းများတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများ၏ လူ့အခွင့်အရေးဆိုင်ရာအခြေအနေများ နှင့်စပ်လျဉ်း၍ ရေးသားဖော်ပြခဲ့မှုကြောင့် အကျဉ်းကျခံရလျက်ရှိသည့် သတင်းသမား များအားလွှတ်ပေးရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံသည် ဥရောပသို့ ဝင်ရောက်လျက်ရှိသည့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများအား ရပ်တန့်ရန် ကြိုးပမ်း သွားမည်မဟုတ်ကြောင်း မကြာသေးမီက ထုတ်ပြန်ထားရှိသည်ဟု သိရှိရပါသည်။
No comments:
Post a Comment