Xinhua;
Mar-3(Tue)
တူရကီသမ္မတ
ရီဆတ်တေးရစ်အာဒိုဂန် (Recep Tayyip Erdogan) အနေဖြင့် ၎င်း၏ ရုရှားခရီးစဉ်အတွင်း
သမ္မတဗလာဒီမာပူတင် (Vladimir Putin) နှင့်တွေ့ဆုံ ကာ ဆီးရီးယားအနောက်မြောက်ပိုင်း အိုက်ဒဲလစ်
(Idlib) ဒေသအတွင်း အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ သဘောတူညီချက်အချို့အား ရရှိနိုင်ရန် မျှော်လင့်လျက်ရှိသည်ဟု
မတ်လ ၂ ရက် တွင်ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အာဒိုဂန်အနေဖြင့် တူရကီနိုင်ငံမြို့တော်
အန်ကာရာ၌ ကျင်းပပြုလုပ်သည့် အာဏာရ တရားမျှတရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ပါတီ
(Justice and Development Party-AKP) အစည်းအဝေးတစ်ရပ်တွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အာဒိုဂန်၏ ပြောကြားမှုတွင် ၎င်းသည်
သမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ပူတင်အနေဖြင့် ဆီးရီးယား
ပဋိပက္ခများနှင့်ပတ်သက်၍ လိုအပ်သောဆောင်ရွက်မှုများ လုပ်ဆောင် သွားရန် မျှော်လင့်ကြောင်း၊
၎င်းတို့အနေဖြင့် ပဋိပက္ခပြေလည်နိုင်ရေး အဖြေရှာ ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
သမ္မတ အာဒိုဂန်သည် လာမည့် မတ်လ ၅ ရက်တွင်
ရုရှားနိုင်ငံသို့သွား ရောက်မည်ဖြစ်ပြီး ၎င်းခရီးစဉ်အတွင်း ဆီးရီးယားပဋိပက္ခများအဆုံးသတ်နိုင်ရေး
ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်း အိုက်ဒဲလစ် ဒေသအား ရုရှားကျောထောက်နောက်ခံပြု
ဆီးရီးယားအစိုးရတပ်ဖွဲ့များက ပြန်လည် ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်မှုများပြုလုပ်စဉ်အတွင်း
၎င်းဒေသရှိ တူရကီ တပ်ဖွဲ့များ အပေါ် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့်
တူရကီစစ်ဘက် သည် ဆီးရီးယားအစိုးရတပ်ဖွဲ့အား တု့န်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး
မတ်လ ၁ ရက် မှ စတင်ကာ “နွေဦးဒိုင်းစစ်ဆင်ရေး” (Operation Spring Shield) အမည်ဖြင့်
ဆီးရီးယားအစိုးရတပ်ဖွဲ့များအပေါ် ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့ပါသည်။
ထို့ပြင် တူရကီ သမ္မတ အားဒိုဂန်က အိုက်ဒလစ်ဒေသအတွင်း ဆီးရီးယားတပ်ဖွဲ့များ၏
ထိုးစစ်ဆင် မှုကြောင့် ၎င်းဒေသအတွင်း လူပေါင်း ၁ သန်းကျော် အိုးမဲ့ဖြစ်ပေါ်ခဲ့သည်ဟုလည်း
ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment