Defencenews;Jan-3(Sun)
Saturday, January 2, 2021
တူရကီနှင့် ပါကစ္စတန်နိုင်ငံတို့သည် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှုများအား ပိုမိုတိုးမြှင့်လုပ်ဆောင်သွားရန်အတွက် စစ်ဘက် အရာရှိကြီးများအဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း
တူရကီနှင့် ပါကစ္စတန်နိုင်ငံတို့သည်
ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုများအား
ပိုမိုတိုးမြှင့်လုပ်ဆောင်သွားရန်နှင့်ပတ်သက်၍ (၁၅)ကြိမ်မြောက်
စစ်ဘက်အရာရှိကြီးအဆင့် (High
Level Meeting Dialouge Group-HLMDG) ဆွေးနွေးမှုအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ
၂၂ ရက်နှင့် ၂၃ ရက်တို့ တွင်ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲအား ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးဌာန၏
အတွင်းဝန်
ဒုတိယဗိုလ်ချုပ်ကြီး(အငြိမ်းစား) မိန်းမူဟာမက်ဟီလယ်ဟူစိန်
(Mian Muhammad Hilal Hussain) ဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့နှင့် တူရကီ ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အကြီးအကဲ
ကြည်းတပ်ဗိုလ်ချုပ်ကြီး ဆယ်ကော့ခ် ဘာရာကာတာရိုဂလူ (Selcuk Bayraka troglu) ဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။ ၎င်းဆွေးနွေးပွဲတွင်
နှစ်နိုင်ငံကိုယ်စားလှယ်များသည် ယခင် အစည်းအဝေးများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးမှုများပြုလုပ်ခဲ့သည့်အပြင်
နှစ်နိုင်ငံ ပူးတွဲလက်နက်ထုတ်လုပ်ရေးနှင့်
အပြန်အလှန်ဝယ်ယူရေးအပါအဝင် ကာကွယ်ရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့်ပတ်သက်၍
ဆွေးနွေးမှုများပြုလုပ် ခဲ့ကြောင်း တူရကီမီဒီယာက ဖော်ပြခဲ့ပါသည်။ ထို့ပြင် ၎င်းဆွေးနွေးမှုတွင်
နှစ်နိုင်ငံ အကြား နျူကလီးယားနှင့် ဒုံးကျည်နည်းပညာများမျှဝေရေးအား
အဓိကထားဆွေးနွေးခဲ့ ကြကြောင်း ဆွေးနွေးပွဲတက်ရောက်သူများက ပြောကြားခဲ့ပါသည်။
ထို့ပြင် ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့သည် တူရကီ နိုင်ငံရှိ Bakyar (UAV OEM)၊ TAI၊ HAVELSAN နှင့် ASELSAN ကုမ္ပဏီများအပါအဝင် ကာကွယ်ရေးဆိုင်ရာကုမ္ပဏီများသို့
သွားရောက်လေ့လာမှုများပြုလုပ်ခဲ့သည့်အပြင် တူရကီစစ်ဘက်အရာရှိကြီးများ၊ ဗျူရိုကရက်အရာရှိများနှင့်တွေ့ဆုံကာ ဒုံးကျည်များနှင့် အခြားလေကြောင်းနည်းပညာများထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါသည်။ လာမည့် တူရကီ-ပါကစ္စတန်
စစ်ဘက်အရာရှိကြီးများအဆင့်
ဆွေးနွေးမှုအား ၂၀၂၁ ခုနှစ်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားရှိပြီး နှစ်နိုင်ငံအနေဖြင့်
အဆိုပါအစည်းအဝေးမတိုင်မီ ဒုံးကျည်နည်းပညာ အလျင်အမြန်လွှဲပြောင်းပေးရေး၊ တူရကီနိုင်ငံ၏ ဒုံးကျည်ထုတ်လုပ်မှုစွမ်းရည်ကို
အရှိန်အဟုန်မြှင့်ထုတ်လုပ်နိုင်ရေး၊
ပါကစ္စတန်နိုင်ငံမှ တူရကီဒရုန်းများဝယ်ယူရေး စသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တူရကီသမ္မတ
အာဒိုဂန်အနေဖြင့်လည်း နျူကလီးယားလက်နက်နည်းပညာများမျှဝေရေး အတွက် ပါကစ္စတန်ဗိုလ်ချုပ်ကြီး ဘဂျ်ဝါ (Bajwa) အား ပုဂ္ဂိုလ်ရေးအရ
တောင်းဆိုမှု များပြုလုပ်ခဲ့ပြီး ၎င်းတောင်းဆိုမှုကို ပါကစ္စတန်နိုင်ငံဘက်မှလည်း သဘောတူညီခဲ့
ကြောင်း သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment