Saturday, January 30, 2021

အဇာဘိုင်ဂျန်နှင့် တူရကီကာကွယ်ရေးဝန်ကြီးတို့သည် စစ်ဘက်နည်းပညာဆိုင်ရာ ကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန်ဆွေးနွေးခဲ့ခြင်း

 

TASS ; Jan-31 (Sun)

              အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီး ဇာကီရာဟာဆန်နော့(Zakir Hasanov) နှင့် တူရကီဒုတိယကာကွယ်ရေးဝန်ကြီး ရန်းနပ်စ်အမ်မရီကားရော့စ်မန်နိုဂလူ (Yunus Emre Karasmanoglu) တို့သည် ဇန်နဝါရီလ ၃၀ ရက်တွင် တွေ့ဆုံ၍ စစ်ဘက်နည်းပညာ ဆိုင်ရာကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားရန်အတွက် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။ ထိုကဲ့သို့တွေ့ဆုံစဉ် နာဂေါ်နို-ကရာဘတ်ခ်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ရုရှား-တူရကီ နှစ်နိုင်ငံ ပူးတွဲလေ့လာစောင့်ကြည့်ရေးစင်တာနှင့်ပတ်သက်သည့် ကိစ္စရပ်များအားလည်း ဆွေးနွေး ခဲ့ကြပါသည်။ တူရကီကာကွယ်ရေးဝန်ကြီးသည် ရုရှား-တူရကီ နှစ်နိုင်ငံ ပူးတွဲလေ့လာ စောင့်ကြည့်ရေးစင်တာနှင့်ပတ်သက်၍ အဇာဘိုင်ဂျန်နိုင်ငံသို့ ရောက်ရှိနေချိန်တွင် အထက်ပါအတိုင်း အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ် ခဲ့ခြင်းဖြစ်ပါသည်။

              နာဂေါ်နို- ကရာဘတ်ခ်ဒေသ အပစ်အခတ်ရပ်စဲရေးအပေါ် စောင့်ကြည့် လေ့လာမှုများပြုလုပ်သွားမည့်  ရုရှား-တူရကီ နှစ်နိုင်ငံပူးတွဲလေ့လာစောင့်ကြည့်ရေး စင်တာအား အဇာဘိုင်ဂျန်နိုင်ငံတွင်ထားရှိသွားရန်နှင့်ပတ်သက်သည့် နားလည်မှု စာချွန်လွှာတစ်စောင်အား ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုးဂူ (Sergei Shoigu) နှင့် တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ(Hulusi Akar)တို့က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါနှစ်နိုင်ငံပူးတွဲ စောင့်ကြည့်ရေးစင်တာအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် ရုရှား၊ အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံခေါင်းဆောင်များအကြား လက်မှတ်ရေးထိုးခဲ့သည့် နာဂေါ်နို- ကရာဘတ်ခ်ဒေသအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်များနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာမှုများအား ယခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှစတင်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment