Ahvalnews; Jan-4(Mon)
တူရကီနိုင်ငံတွင် စားသုံးသူဈေးနှုန်းဖောင်းပွမှုအညွှန်းကိန်းမြင့်တက်ကြောင်း
ကြေညာပြီးနောက်နာရီအနည်းငယ်အကြာတွင်
ယစ်မျိုးခွန်ကောက်ခံမှုအား
၁၇ ဒသမ ၇၇ ရာခိုင်နှုန်းထိတိုးမြှင့်ခဲ့ကြောင်း
Birgun သတင်းဌာနက
ဇန်နဝါရီလ ၄ ရက်တွင် ဖော်ပြခဲ့ပါသည်။
ပျမ်းမျှအားဖြင့် စမုန်စပါးအရသာ တူရကီရိုးရာအရက် Raki ၇၀ စီစီ (မီလီမီတာ) ပုလင်းတစ်လုံးလျှင် ယခင် ၂၆၉.၂၉ လိုင်ရာ ကောက်ခံခဲ့ရာမှ ၃၂၆.၉၉ လိုင်ရာ
(အမေရိကန်ဒေါ်လာ
၄၄.၅၅ ဒေါ်လာ)
ထိမြင့်တက်ခဲ့ကြောင်း
၎င်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။ အလားတူပင် ၅၀ စီစီပါဘီယာတစ်ဘူး၏ အခွန်ကောက်ခံမှုအား ၂.၀၄ လိုင်ရာ
ကောက်ခံရာမှ ၂.၃၉ လိုင်ရာ
(အမေရိကန်ဒေါ်လာ
၀.၃၂ ဒေါ်လာ)
သို့တိုးမြှင့်ခဲ့ ပါသည်။
ထို့ပြင် အရက် ၁၈ ရာခိုင်နှုန်းပါဝင်သည့်ဝိုင်များ၏ အခွန်ကောက်ခံမှုအား
၈၁.၃၈ လိုင်ရာ မှ ၉၅.၂၉ လိုင်ရာ (အမေရိကန်ဒေါ်လာ ၁၂.၈၅ ဒေါ်လာ) ထိတိုးမြှင့်ခဲ့ပြီး အရက် ၂၂ ရာခိုင်နှုန်းနှင့်အထက်ပါဝင်သောဝိုင်များအတွက်
၂၇၉.၂၉ လိုင်ရာမှ
၃၂၆.၉၉ လိုင်ရာ
(အမေရိကန်ဒေါ်လာ
၄၄.၁၄ ဒေါ်လာ)
ထိ အခွန်တိုးမြှင့်သွားမည်ဖြစ်
ကြောင်း ၎င်းသတင်းဌာနက ထုတ်ပြန်ခဲ့ပါသည်။
No comments:
Post a Comment