Monday, January 18, 2021

ဆားဘီးယားသည် တရုတ်ထုတ် COVID-19 ကာကွယ်ဆေးများကို ပထမဆုံး အသုံးပြုသည့် ဥရောပနိုင်ငံဖြစ်လာခဲ့ခြင်း

 

Reuter;Jan 19 (Tue)

          ဆားဘီးယားနိုင်ငံအနေဖြင့် တရုတ်ဆေးကုမ္ပဏီ Sinopharm မှထုတ်လုပ် သည့် COVID-19 ကာကွယ်ဆေး ၁ သန်းခန့်အား ပြီးခဲ့သည့်သီတင်းပတ်က လက်ခံ ရရှိခဲ့ပြီးနောက်တွင် ၎င်းကာကွယ်ဆေးများဖြင့် အများပြည်သူကာကွယ်ဆေးထိုးနှံ သည့်အစီအစဉ်များအား ပထမဆုံးစတင်ခဲ့သည့် ဥရောပနိုင်ငံဖြစ်လာခဲ့ပါသည်။ နိုင်ငံ၏ စစ်ဘက်တပ်ဖွဲ့ဝင် ရာပေါင်းများစွာအား မြို့တော် ဘဲလ်ဂရိတ် (Belgrade) ရှိ ပြပွဲ ခန်းမ၌ ဇန်နဝါရီလ ၁၉ ရက်တွင် ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်ပေးခဲ့ပါသည်။ ထို့ပြင် ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း Pfizer and BioNTech အမျိုးအစားနှင့် ရုရှားနိုင်ငံထုတ် Sputnik V အမျိုးအစားကာကွယ်ဆေးများဖြင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာများနှင့် ဆေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံ၏အဓိကကျသည့် ရဲတပ်ဖွဲ့ဝင်များ၊ စစ်ဘက်တပ်ဖွဲ့ဝင်များ နှင့် ဆရာ/ဆရာမများအတွက်လည်း ကာကွယ်ဆေးထိုးနှံမှုများ ဆက်လက်လုပ်ဆောင် လျက်ရှိပါသည်။

          ဆားဘီးယားနှင့်တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးတက်ကောင်းမွန် လျက်ရှိခြင်းကြောင့် တရုတ်ကုမ္ပဏီများအနေဖြင့် အခြေခံအဆောက်အအုံနှင့် စွမ်းအင် စီမံကိန်းများအတွက် ဆားဘီးယားနိုင်ငံ၌ ယူရိုဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်လျက်ရှိပါသည်။ ကာကွယ်ရေးဝန်ကြီး နီဘိုဂျာစတီဖန်နိုဗစ် (Nebojsa Stefanovic) အနေဖြင့် ၎င်းအပါအဝင် စစ်ဘက်တပ်ဖွဲ့ဝင် ၇၀၀ ကျော်သည် တရုတ် နိုင်ငံထုတ် ကာကွယ်ဆေးများထိုးနှံခဲ့ကြောင်း ကြေညာခဲ့ပါသည်။ ဆားဘီးယားနိုင်ငံ အနေဖြင့် လာမည့်ရက်များအတွင်း Sputnik  အမျိုးအစားကာကွယ်ဆေး ၂၅၀,၀၀၀ နှင့် Pfizer အမျိုးအစား ကာကွယ်ဆေး ၂၀,၀၀၀ ထပ်မံရရှိနိုင်ဖွယ်ရှိကြောင်း သမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic)က ပြီးခဲ့သည့်သီတင်းပတ်အတွင်း ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment