Thefirstnews;
Jan 18 (Mon)
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုကြောင့်
ပျက်စီးခဲ့ရသည့် ဥရောပစီးပွားရေး လုပ်ငန်းများ
ပြန်လည်းကောင်းမွန်လာစေရန်အတွက် ပြန်လည်ထူထောင်ရေးရန်ပုံငွေ ခွဲဝေချထားမှုများပြုလုပ်သည့် ထောက်ပံ့ငွေများကို
အစိမ်းရောင်နှင့် ဒစ်ဂျစ်တယ်စီးပွားရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း
ပိုလန်ဘဏ္ဍာရေးဝန်ကြီး တာဒစ်ဇ်ကိုစ် စင်စကီ (Tadeusz Koscinski) က ဇန်နဝါရီလ
၁၈ ရက်တွင်ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါသည်။
ရန်ပုံငွေခွဲဝေချထားမှုများ၏ ၃၀ ရာခိုင်နှုန်း အား
အစိမ်းရောင်စီးပွားရေးစီမံကိန်းများအတွက်လည်ကောင်း ၂၅ ရာခိုင်နှုန်းအား ဒစ်ဂျစ်တယ်စီးပွားရေးအစီအစဉ်အတွက်လည်းကောင်း
အသီးသီးအသုံးပြုသွားမည်ဟု ပိုလန်ဘဏ္ဍာရေးဝန်ကြီး
တာဒစ်ဇ်ကိုစ်စင်စကီက ဇန်နဝါရီလ ၁၈ ရက်တွင် ပြောကြားခဲ့ ပါသည်။
ပိုလန်နိုင်ငံအနေဖြင့်
ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချမှုတိုးမြှင့်ရေးဆိုင်ရာ
အစိမ်းရောင်စီးပွားရေးစီမံကိန်းမူဝါဒအတွက် ယူရို ၂၀.၅ ဘီလီယံ ခွဲဝေချထားပေးရန်
အဆိုပြုထားကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။ အစိမ်းရောင်စီးပွားရေး
စီမံကိန်း၏ ရန်ပုံငွေသုံးစွဲမှုများအဖြစ် စွမ်းအင်အရင်းအမြစ်များအား ထိရောက်စွွာ
အသုံးပြုခြင်း၊ အစိမ်းရောင်စွမ်းအင်ထုတ်လုပ်ခြင်း၊ အခြေခံအဆောက်အအုံကွန်ရက်
ချိတ်ဆက်ခြင်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်းများအပြင် သယ်ယူပို့ဆောင်ရေးနှင့်
မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ်များအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ကိုစ်စင်စကီက
ပြောကြားခဲ့ပါသည်။ ထို့ပြင်ဥရောပနိုင်ငံများ ချိတ်ဆက်ဆောင်ရွက်ခြင်းမူဝါဒနှင့်
တစ်ခု တည်းသောဒစ်ဂျစ်တယ်ဈေးကွက်
မူဝါဒများအကောင်အထည်ဖော်ရန်အတွက် ရန်ပုံငွေ များအနက်မှ ယူရို ၁၇.၆ ဘီလီယံ
ခွဲဝေသုံးစွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment