Sunday, January 31, 2021

တူရကီနှင့်အီရတ်နိုင်ငံတို့သည် ဆင်ဂျာ (Sinjar) ‌ဒေသရှိ PKK အကြမ်းဖက်အဖွဲ့အား အမြစ်ပြတ်ချေမှုန်းရန် စီစဉ်လျက်ရှိခြင်း

 



Daily Sabah; Jan-31 (Sun)

            ဆယ်စုနှစ်လေးခုကြာဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကို အဆုံးသတ်နိုင်ရန် ခက်ခဲသော်လည်း တူရကီနိုင်ငံသည် ၎င်းတို့နိုင်ငံတွင်းနှင့် အီရတ်နိုင်ငံမြောက်ပိုင်း ဆင်ဂျာ (Sinjar) ရှိ ကာဒစ္စတန်အလုပ်သမားပါတီ (Kurdistan Workers’ Party-PKK) အမည်ခံအကြမ်းဖက်အဖွဲ့အား အပြီးသတ်တိုက်ခိုက်မှုများပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း Daily Sabah သတင်းဌာနက ဇန်နဝါရီလ ၃၁ ရက်တွင် ဖော်ပြခဲ့ပါသည်။

သုံးသပ်ချက်

            တူရကီ၊ အီရတ်နိုင်ငံနှင့် ကာဒစ္စတန်ဒေသတို့တွင် အကြမ်းဖက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသော PKK အကြမ်းဖက်အဖွဲ့အား တူရကီနှင့် အီရတ် နိုင်ငံတို့ပူးပေါင်း၍ တန်ပြန်တိုက်ခိုက်မှုများပြုလုပ်ရန်စီစဉ်လျက်ရှိပါသည်။ PKK အဖွဲ့ သည် တူရကီနှင့် အီရတ်နိုင်ငံမြောက်ပိုင်းတွင်အခြေစိုက်ပြီး အဆိုပါဒေသများရှိ ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပါသည်။ ထို့ကြောင့် တူရကီ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့များက ကာဒစ္စတန်အလုပ်သမားပါတီအား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ထို့ပြင် တူရကီနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နှင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်အကြားတွင် ၃၆၇ ကီလိုမီတာရှည်လျားသော အီရတ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကန်းဒီလ် (Qandil) ဒေသရှိ PKK အကြမ်းဖက်အဖွဲ့များအပေါ် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်၍ နှိမ်နင်းခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ပြင်းထန်စွာခံစားခဲ့ရသော PKK အကြမ်းဖက် အဖွဲ့အား တူရကီနှင့် အီရတ်နိုင်ငံတို့က အကြမ်းဖက်တန်ပြန်တိုက်ခိုက်မှုအစီအစဉ်ဖြင့် အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်ရန် စီစဉ်လျက်ရှိခြင်းဖြစ်ပါသည်။ နှစ်နိုင်ငံအနေဖြင့် အကြမ်းဖက် တန်ပြန်တိုက်ခိုက်ရေးအစီအစဉ်ကိုဖော်ဆောင်ရာတွင် နှစ်ဖက်တပ်ဖွဲ့ များအကြား စစ်မှန်သောကတိကဝတ်များနှင့်အညီ အပြစ်မဲ့ပြည်သူများအတွက် ထိခိုက် နစ်နာမှု အနည်းဆုံးဖြင့်ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ သို့မှသာ တူရကီနိုင်ငံနှင့် အီရတ်နိုင်ငံတို့၏ ပူးတွဲစစ်ရေးဆောင်ရွက်ချက်များ အောင်မြင်နိုင်မည်ဖြစ်ပြီး PKK နှင့် Daesh ကဲ့သို့သော အကြမ်းဖက်အဖွဲ့များကို အကြီးအကျယ်ထိုးနှက်နိုင်ရုံသာမက PKK ၏ ဒေသတွင်းအကြမ်းဖက်စင်္ကြန်တည်ဆောက်ခြင်းကိုတားဆီးပြီး တည်ငြိမ်မှုကို ပြန်လည် တည်ဆောက်ပေးနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment