Sunday, July 11, 2021

မော်ဒိုဗာတွင် ကြားဖြတ်လွှတ်တော်ရွေးကောက်ပွဲများကျင်းပခဲ့ခြင်း

Xinhua; Jul-11(Sun)

    မော်ဒိုဗာသမ္မတနိုင်ငံတွင် ကြားဖြတ်လွှတ်တော်ရွေးကောက်ပွဲတစ်ရပ်အား ဇူလိုင်လ ၁၁ ရက်တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး မဲဆန္ဒရှင်ပြည်သူပေါင်း ၃ သန်းကျော် ဝင်ရောက်၍ ဆန္ဒမဲပေးခြင်းပြုလုပ်ခဲ့ကြောင်း Xinhua သတင်းဌာနကဖော်ပြခဲ့ပါသည်။ အဆိုပါကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၂၀ ခု၊ အကျိုးတူးပူးပေါင်းထားသည့် ညွန့်ပေါင်းပါတီ ၂ ခုနှင့် သီးခြားလွတ်လပ်သည့် ရွေးကောက်ခံကိုယ်စားလှယ် ၁ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ လက်ရှိရွေးကောက်ပွဲတွင်ပါဝင်သည့် ပါတီအရေအတွက် သည် ၂၀၁၉ ခုနှစ်အစောပိုင်းကပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲထက် ပါတီအရေအတွက် ပိုမိုများပြားလျက်ရှိပါသည်။ သို့သော်လည်း အဆိုပါရွေးကောက်ပွဲတွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်း၌ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် သမ္မတ မီယာဆန်ဒူ (Maia Sandu) ဦးဆောင်သည့် လှုပ်ရှားမှုနှင့် သွေးစည်းညီညွတ်မှု ပါတီ (Party of Action and Solidarity- PAS) နှင့် ကွန်မြူနစ်များနှင့် ဆိုရှယ်လစ် များ၏ ညွန့်ပေါင်းပါတီ (Electoral Bloc of Communists and Socialists-EBCS) တို့ အကြားတွင်သာ အဓိကယှဉ်ပြိုင်နေကြသည်ဟု ပြည်သူများက ယုံကြည်လျက်ရှိပါသည်။

        လွှတ်တော်သို့ဝင်ရောက်နိုင်ရန်အတွက် ပါတီများအနေဖြင့် ဆန္ဒမဲစုစုပေါင်း၏ ၅ ရာခိုင်နှုန်းနှင့် ညွန့်ပေါင်းပါတီများအနေဖြင့် ၇ ရာခိုင်နှုန်းကိုရရှိရမည်ဖြစ်ပြီး တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းများသည်လည်း အနိမ့်ဆုံး ၂ ရာခိုင်နှုန်းရရှိရမည်ဖြစ်ပါ သည်။ မော်ဒိုဗာနိုင်ငံအတွင်းရှိ မဲရုံပေါင်း ၂,၀၀၀ နှင့် ပြည်ပနိုင်ငံများရှိ မဲရုံပေါင်း ၁၅၀ အား ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် စတင်ဖွင့်လှစ်၍ ည ၉ နာရီအချိန်တွင် ပိတ်သိမ်း ခဲ့ကြောင်း ဗဟိုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဆန္ဒမဲ ၉၉.၆၃ ရာခိုင်နှုန်းရေတွက်ပြီးချိန်အထိ ရလဒ်များအရ PAS ပါတီသည် ၅၂.၆၀ ရာခိုင်နှုန်း ရရှိကာ မဲအများဆုံးဖြင့်ဦးဆောင်လျက်ရှိကြောင်းနှင့် ၎င်း၏အဓိကပြိုင်ဘက်ပါတီဖြစ် သည့် EBCS ပါတီသည် ၂၇.၃၂ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင်ရပ်တည်လျက်ရှိ ကြောင်း ဗဟိုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁၂ ရက်၌ ထုတ်ပြန်ခဲ့ကြေညာ ခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment