တူရကီနိုင်ငံခြားရေးဝန်ကြီးမဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) သည် လစ်သူရေးနီးယားနိုင်ငံသို့ ဇူလိုင်လ ၆ ရက်မှ ၇ ရက်ထိ ချစ်ကြည်ရေးခရီးသွားရောက်ရန် စီစဉ်ထားကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၆ ရက်တွင် ထုတ်ပြန် ခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူ သည် အဆိုပါနိုင်ငံ၌ ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ်မြောက် ယူကရိန်းနိုင်ငံပြုပြင်ပြောင်းလဲရေး ညီလာခံသို့တက်ရောက်ရန် အတွက် အထက်ပါချစ်ကြည်ရေးခရီးစဉ်အား စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါညီလာခံသို့ ယူကရိန်းနှင့် ပြည်ပနိုင်ငံများ၏ အစိုးရအရာရှိများ၊ ဥရောပသမဂ္ဂ၊ နေတိုး၊ စက်မှုထိပ်သီး နိုင်ငံများမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment