တူရကီနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ် (Mahmoud Abbas) သည် ဇူလိုင်လ ၁၀ ရက်တွင် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့်တွေ့ဆုံ၍ ဒေသတွင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံမှုအတွင်း အစ္စရေးနိုင်ငံ၏ ပါလက်စတိုင်းတို့အပေါ် "တိုက်ခိုက်သိမ်းပိုက်ခြင်းဆိုင်ရာမူဝါဒများ" ဆက်လက်ရှိနေသရွေ့ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို တည်ဆောက်ရန်မဖြစ်နိုင်ကြောင်းနှင့် အစ္စရေး၏ရက်စက်ယုတ်မာမှုများအပေါ် နှုတ်ဆိတ် နေမည်မဟုတ်ကြောင်း သမ္မတ အာဒိုဂန်က အလေးထားပြောကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကိုတိုးတက်ကောင်းမွန်စေမည့် ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းများအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု များပြုလုပ်ရန် သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment