တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြို့တော် အန်ကာရာတွင် အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့ (IS) နှင့် ဆက်နွှယ်လျက်ရှိသည်ဟု ယူဆရသူ ၇ ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း Anadolu သတင်းဌာနက ဇူလိုင်လ ၁၀ ရက်တွင် ဖော်ပြခဲ့ပါ သည်။ ထို့ပြင် တူရကီရှေ့နေချုပ်ရုံးသည်လည်း IS အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ် လျက်ရှိသည်ဟု သံသယဖြစ်ဖွယ်ရှိသော ဆီးရီးယားနိုင်ငံသားများနှင့် အီရတ်နိုင်ငံသား ၁၀ ဦးတို့အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ဖမ်းဆီးမိန့်ဝရမ်းထုတ်ပြန် ခဲ့ပါသည်။ လက်ရှိအချိန်၌ တူရကီနိုင်ငံသည် IS အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှု များကြောင့် လူရာပေါင်းများစွာ သေဆုံးမှုများရှိခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူ များစွာ ရှိပြီးဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment