Thursday, November 24, 2022

တူကီယဲသမ္မတသည် ဆီးရီးယားသမ္မတနှင့် တွေ့ဆုံသွားရန် စီစဉ်ထားခြင်း

ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ် (Bashar al-Assad) နှင့် တွေ့ဆုံ မည့်အစီအစဉ်အား ပစ်ပယ်ထားခြင်းမရှိကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက နိုဝင်ဘာလ ၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ကာ့ဒ်သူပုန်များအပေါ် မြေပြင်တိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက် မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် တူကီယဲ သမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် ဆီးရီးယား ပြည်တွင်းစစ်ဖြစ်ပွားချိန်တွင် တူကီယဲနိုင်ငံသည် ဆီးရီးယားသူပုန်များအား ကျောထောက် နောက်ခံပြုခဲ့သောကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများဖြစ်ပေါ်ခဲ့ရပြီး လက်ရှိအချိန်ထိ နှစ်နိုင်ငံခေါင်းဆောင်များအကြား တွေ့ဆုံနိုင်မှုမရှိသေးကြောင်း‌ သိရှိရပါသည်။

No comments:

Post a Comment