Monday, November 28, 2022

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန်သည် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံခဲ့ခြင်း

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Cooperation-OIC) အထွေထွေအတွင်းရေးမှူးချုပ် ဟစ်ဆင်းဘရာဟင်တာဟာ (Hissein Brahim Taha) အား တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့၌ လက်ခံတွေ့ဆုံခဲ့ကြောင်း Anadolu Agency သတင်းဌာနက နိုဝင်ဘာလ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။

နိုဝင်ဘာလ ၂၆ ရက်မှ ၂၉ ရက် အထိ ပြုလုပ်လျက်ရှိသည့် OIC ၏ (၃၈) ကြိမ်မြောက် ဝန်ကြီးများအဆင့်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အမြဲတမ်းကော်မတီအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးအဖြစ် အာဒိုဂန်နှင့် ဟစ်ဆင်းဘရာဟင်တာဟာတို့သည် အစ္စတန်ဘူလ် လွှတ်တော်စင်တာ (Istanbul Congress Center) ၌ တံခါးပိတ်အစည်းအဝေးတစ်ရပ်အား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာန၏ဖော်ပြချက်အရ သိရှိရပါသည်။

No comments:

Post a Comment