Xinhua; Nov-28(Mon)
တူကီယဲနှင့် အီဂျစ်နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးပုံမှန်ပြန်ဖြစ်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်လများအတွင်း နှစ်နိုင်ငံသံအမတ်ကြီးများကို အပြန်အလှန် ခန့်အပ်နိုင်သည်ဟု တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က နိုဝင်ဘာလ ၂၈ ရက်တွင် ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက နိုဝင်ဘာလ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံသည် ဝန်ကြီးအဆင့်အစည်းအဝေးမပြုလုပ်မီ တတိယအကြိမ် လုပ်ငန်းပိုင်းဆိုင်ရာဆွေးနွေးပွဲကို ကျင်းပပြုလုပ်သွားနိုင်ဖွယ်ရှိသည်ဟု ၎င်းက ပြောကြားခဲ့ပါသည်။ တူကီယဲသမ္မတသည် ကာတာတွင် အီဂျစ်သမ္မတ အဗ္ဗဒယ်လ် ဖာတက်အယ်လ်စီစီ (Abdel-Fattah al-Sisi) နှင့် ပထမဆုံးတွေ့ဆုံခဲ့ပြီးနောက် တစ်ရက်တွင် အဆင့်မြင့်ဆွေးနွေးပွဲများမှတစ်ဆင့် အီဂျစ်နှင့် ပုံမှန်ဆက်ဆံရေး ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်လိုသည်ဟု သမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့ပါသည်။
နှစ်နိုင်ငံသည် နှစ်အတန်ကြာ ဆက်ဆံရေးများတင်းမာခဲ့ပြီးနောက် သမ္မတ နှစ်ဦးသည် နိုဝင်ဘာလ ၂၀ ရက်တွင် ကာတာနိုင်ငံ၏ မြို့တော် ဒိုဟာ၌ ကျင်းပပြုလုပ် သည့် ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနား၏ ဆက်စပ်အစည်းအဝေးတွင် တွေ့ဆုံခဲ့ခြင်းဖြစ် ပါသည်။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီ (Mohamed Morsi) ဖြုတ်ချခံရပြီးနောက် တူကီယဲနှင့် အီဂျစ်တို့၏ ဆက်ဆံရေးမှာ ယိုယွင်းလာ ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် အီဂျစ်အစိုးရသည် တူကီယဲကျောထောက်နောက်ခံပြု မွတ်ဆလင်ညီအကိုများအဖွဲ့ကို တရားမဝင်ကြောင်း ကြေညာခဲ့မှုနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ အစိုးရများက သံအမတ်ကြီးများကို အပြန်အလှန်နှင်ထုတ်ခဲ့သည်အထိ ဖြစ်ပေါ်ခဲ့ပါ သည်။ လစ်ဗျားပဋိပက္ခနှင့် အရှေ့မြေထဲပင်လယ်ဒေသရှိ ရေပိုင်နက်နယ်နိမိတ်များနှင့် ပတ်သက်၍ ကွဲလွဲလျက်ရှိသော ရပ်တည်ချက်များနှင့်အတူ တူကီယဲနှင့် အီဂျစ်တို့သည် ၎င်းတို့၏ ပထမဆုံးသောသံတမန်ရေးရာ ဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့ပါသည်။ တူကီယဲသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း အီဂျစ်၊ အစ္စရေး၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့အပါအဝင် ဒေသတွင်းအင်အားကြီးနိုင်ငံများနှင့် သဘောထားကွဲလွဲခဲ့သော ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီ (Mohamed Morsi) သည် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် ဖြုတ်ချခံရပြီးနောက် တူကီယဲနှင့် အီဂျစ်တို့၏ ဆက်ဆံရေးမှာ ယိုယွင်း လာခဲ့ပါသည်။ ထို့ပြင် အီဂျစ်အစိုးရသည် တူကီယဲကျောထောက်နောက်ခံပြု မွတ်ဆလင် ညီအကိုများအဖွဲ့ကို တရားမဝင်ကြောင်း ကြေညာခဲ့မှုနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအစိုးရ သည် သံအမတ်ကြီးများကို အပြန်အလှန်နှင်ထုတ်ရန် တွန်းအားပေးခဲ့ပါသည်။ လစ်ဗျား ပဋိပက္ခနှင့် အရှေ့မြေထဲပင်လယ်ဒေသရှိ ရေပိုင်နက်နယ်နိမိတ်များနှင့်ပတ်သက်၍ ကွဲလွဲလျက်ရှိသော ရပ်တည်ချက်များနှင့်အတူ တူကီယဲနှင့် အီဂျစ်တို့သည် ၎င်းတို့၏ ပထမဆုံးသော သံတမန်ရေးရာ ဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့ပါသည်။ သမ္မတ အာဒိုဂန်နှင့် အီဂျစ်သမ္မတ အဗ္ဗဒယ်လ်ဖာတက် အယ်လ်စီစီ (Abdel Fattah al-Sisi) တို့သည် နိုဝင်ဘာလ ၁၉ ရက်တွင် ကာတာနိုင်ငံ၌ ကျင်းပသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားအတွင်း ပထမဆုံးအကြိမ် သီးခြားတွေ့ဆုံခဲ့ပါသည်။ တူကီယဲ သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် နိုဝင်ဘာလ ၁၉ ရက်တွင် အဆင့်မြင့်ဆွေးနွေးပွဲမှတစ်ဆင့် အီဂျစ်နှင့် ပုံမှန်ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့ပါသည်။ တူကီယဲသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း အီဂျစ်၊ အစ္စရေး၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့ အပါအဝင် ဒေသတွင်းအင်အားကြီးနိုင်ငံများနှင့် သဘောထားကွဲလွဲခဲ့သော ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့ကြောင့် တူကီယဲနှင့် အီဂျစ်နိုင်ငံ တို့၏ ဆက်ဆံရေးသည် မကြာမီအချိန်အတွင်း ပုံမှန်ဆက်ဆံရေးသို့ ဦးတည်သည့် လုပ်ငန်းစဉ်များအား ဆက်လက်အကောင်အထည်ဖော်နိုင်ဖွယ်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါသည်။
No comments:
Post a Comment