Frontex အမည်ရှိ ဥရောပသမဂ္ဂနယ်စပ်စောင့်ကြည့်ရေးအေဂျင်စီသည် ဘီလာရုဇ်မှ တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်သူများ ဝင်ရောက်လာခြင်းကြောင့် ဘီလာရုဇ်နယ်စပ်သို့စောင့်ကြည့်ရန် လစ်သူရေးနီးယားသို့ ရဟတ်ယာဉ်များစေလွှတ် သွားမည်ဖြစ်ကြောင်း Deutsche Welle သတင်းဌာနက ဇူလိုင်လ ၁၂ ရက်တွင် ဖော်ပြ ခဲ့ပါသည်။ ဥရောပသမဂ္ဂနယ်စပ်စောင့်ကြည့်ရေးအေဂျင်စီသည် နယ်စပ်ကင်းလှည့် ခြင်း၊ ရဟတ်ယာဉ်များစေလွှတ်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း လစ်သူရေးနီးယားသမ္မတ ဂစ်တာနတ်စ်နော့စီဒါ (Gitanas Nauseda) က ပြောကြား ခဲ့ပါသည်။ ထို့ပြင် အဆိုပါအေဂျင်စီသည် လာမည့်ရက်သတ္တပတ်အတွင်း လစ်သူရေးနီးယား- ဘီလာရုဇ်နယ်စပ်၌ စစ်ဆင်ရေးနယ်မြေနှစ်ဆတိုးမြှင့်၍ လုပ်ဆောင်သွားမည်ဖြစ်ပြီး သတင်းအချက်အလက်လဲလှယ်ရာ၌ လွယ်ကူချောမွေ့စေရန်နှင့် သတင်းအချက်အလက် များစုဆောင်းနိုင်ရန်အတွက် လစ်သူရေးနီးယားသို့ ကျွမ်းကျင်ပညာရှင်များအား စေလွှတ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment