အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) နှင့် တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအကာ (Hulusi Akar) တို့သည် ဇူလိုင်လ ၇ ရက်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း အာဖဂန်နစ္စတန်မှ နေတိုးတပ်ဖွဲ့ဝင်များ ရုပ်သိမ်းမှုများပြုလုပ်ပြီးသည့်နောက် တူရကီနိုင်ငံက ကဘူးလ် လေဆိပ်အား ကာကွယ်နိုင်မည့်ကိစ္စရပ်များ၊ လေယာဉ်များ ပုံမှန်အတိုင်းပြန်လည် ပြေးဆွဲနိုင်မှုကိစ္စရပ်များနှင့် လေဆိပ်လုံခြုံရေးအား အကာအကွယ်ပေးနိုင်မည့်ကိစ္စရပ် များအား ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ဆွေးနွေးမှုအတွင်း အာဖဂန်မှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းမှုများပြုလုပ်ပြီးသည့်နောက် လေဆိပ်၏လုံခြုံရေး အရေးကြီးမှုအခြေအနေများအား ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment