Tuesday, July 6, 2021

အမေရိကန်နှင့်တူရကီကာကွယ်ရေးဝန်ကြီးတို့ ကဘူးလ်လေဆိပ်လုံခြုံရေးအတွက် ဆွေးနွေးမှုများပြုလုပ်လျက်ရှိခြင်း

     အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) နှင့် တူရကီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဟူလူဆီအကာ (Hulusi Akar) တို့သည် အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ နေတိုးတပ်ဖွဲ့ဝင်များရုပ်သိမ်းခဲ့ပြီးနောက် ကဘူးလ် လေဆိပ်လုံခြုံရေးအတွက် ဇူလိုင်လ ၇ ရက်တွင် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည် ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါသည်။ တူရကီအစိုးရသည် ဟာမစ်ကာဇိုင်း (Hamid Karzai)လေဆိပ်လုံခြုံရေးလုပ်ငန်းများအတွက် ၎င်း၏ နေတိုးမဟာမိတ်များ ထံမှ ဘဏ္ဍာရေး၊ နိုင်ငံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးအကူအညီများရရှိနိုင်ရန် ကြိုးပမ်း လျက်ရှိပါသည်။ လက်ရှိအချိန်၌ တူရကီသည် ကဘူးလ်လေဆိပ်လုံခြုံရေးတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်လျက်ရှိပြီး အာဖဂန်၌ ၎င်း၏တပ်ဖွဲ့ဝင် ၅၀၀ ကျော် ထားရှိပါသည်။ သို့သော် ၎င်းတို့တပ်ဖွဲ့ဝင်များ ထပ်မံဖြည့်တင်းမည့်အစီအစဉ် မရှိသေး ကြောင်း ဗိုလ်ချုပ်ကြီး ဟူလူဆီအကာက ပြောကြားခဲ့သည်ဟု သိရှိပါသည်။

No comments:

Post a Comment