တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) တို့သည် ဇူလိုင်လ ၈ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း Dailysabah သတင်း ဌာနက ဇူလိုင်လ ၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းတို့နှစ်ဦးသည် အဆိုပါဆွေးနွေးမှု အတွင်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။ သမ္မတ ဇီလန်စကီးသည် ပြီးခဲ့သည့် မေလက တူရကီသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပါသည်။ သမ္မတ အာဒိုဂန်သည် ယူကရိန်းနယ်စပ်၌ ရုရှားစစ်ရေးတည်ဆောက်မှုများ မြင့်တက်လျက်ရှိစဉ် ယူကရိန်းနိုင်ငံ အပေါ် ကူညီထောက်ပံ့ပေးရန် ကတိပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment