Saturday, July 10, 2021

ကိုဆိုဗိုနိုင်ငံသည်သံချပ်ကာယာဉ် ၁၄စီးဝယ်ယူရန်အတွက် တူရကီနိုင်ငံနှင့် စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ခြင်း

    ကိုဆိုဗိုနိုင်ငံသည် သံချပ်ကာယာဉ် ၁၄ စီးဝယ်ယူရန်အတွက် တူရကီနိုင်ငံနှင့် စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ကြောင်း Anadolu သတင်းဌာနက ဇူလိုင်လ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်အရ ကိုဆိုဗိုအနေဖြင့် Vuran အမျိုးအစား သံချပ်ကာယာဉ် ၄ စီးနှင့် KIRPI အမျိုးအစား သံချပ်ကာယာဉ် ၁၀ စီးအား တူရကီ နိုင်ငံထံမှဝယ်ယူသွားမည်ဖြစ်ပါသည်။ ကိုဆိုဗိုနိုင်ငံသည် ဝယ်ယူခဲ့သည့် အဆိုပါ သံချပ်ကာ ယာဉ်များအနက် အချို့အား ၂၀၂၂ ခုနှစ်အစောပိုင်းတွင် လက်ခံရရှိမည်ဖြစ်ပါသည်။ ကိုဆိုဗို လုံခြုံရေးတပ်ဖွဲ့အား ပြီးပြည့်စုံသော တပ်ဖွဲ့တစ်ခုအဖြစ် အသွင်ပြောင်းရန် အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ထိုကဲ့သို့ သံချပ်ကာများဝယ်ယူခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment