Tuesday, July 6, 2021

တူရကီသည် S-400 လေကြောင်းရန်ကာကွယ်ရေးရေဒါစနစ်ကို တိုက်ခိုက်နိုင်သည့် ဒုံးကျည်စနစ်အား စမ်းသပ်လျက်ရှိခြင်း

Bulgarianmilitary; Jul-6 (Tue)

    တူရကီနိုင်ငံအနေဖြင့် ရုရှားနိုင်ငံထုတ် လေကြောင်းရန်ကာကွယ်ရေး ရေဒါ စနစ်ကို တိုက်ခိုက်နိုင်သည့် ဒုံးကျည်စနစ်တစ်ခုအား စမ်းသပ်တီထွင်လျက်ရှိကြောင်း တူရကီနိုင်ငံ၊ ကိုညာ (Konya) စီရင်စုတွင် ပြုလုပ်ခဲ့သည့် Anatolian Egale အမည်ရှိ လေတပ်စစ်ရေးလေ့ကျင့်မှုအတွင်း လေတပ်အရာရှိတစ်ဦးကပြောကြားခဲ့ပါသည်။ အဆိုပါ ဒုံးကျည်စနစ်စီမံကိန်းအား တူရကီနိုင်ငံ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် Roketsan ကုမ္ပဏီမှ ပြုလုပ်နေခြင်းဖြစ်ပြီး ၎င်းဒုံးကျည်သည် တူရကီ၏ပဉ္စမမြောက်မျိုးဆက်ဖြစ် သည့် TF-X တိုက်လေယာဉ်၌ တပ်ဆင်အသုံးပြုနိုင်ရန် စီစဉ်ထားရှိပါသည်။ အဆိုပါ ဒုံးကျည်အား Vulture ဟု အမည်ခေါ်တွင်ပြီး ၎င်းဒုံးကျည်စနစ်သည် ဓာတ်ရောင်ခြည် တိုက်ဖျက်ရေး ဒုံးကျည်အမျိုးအစားတစ်ခုဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြ ခဲ့ပါသည်။

        ထို့ပြင် ၎င်းဒုံးကျည်စနစ်အား အမေရိကန်နိုင်ငံထုတ် AGM-88 HARM ဒုံးကျည်၏ နေရာတွင် အစားထိုးနိုင်ရန်ရည်ရွယ်ခြင်းဖြစ်ပြီး မြန်နှုန်းမြင့် ဒုံးကျည်တစ်စင်းဖြစ်ကာ ရန်သူ၏ရေဒါစနစ်များကိုပါ တိုက်ခိုက်နိုင်မည်ဖြစ်ပါသည်။ အတည်မပြုနိုင်သေးသည့် သတင်းအချက်အလက်များအရ အဆိုပါဒုံးကျည်စနစ်သည် AESA‌ ရေဒါနှင့် passive RF head ရေဒါကဲ့သို့သောစနစ်များနှင့်မတူကွဲပြားသည့် ဒီဇိုင်းများဖြင့် ထုတ်လုပ်သွားမည် ဖြစ်ပါသည်။ တူရကီအာဏာပိုင်များအနေဖြင့် အဆိုပါစီမံကိန်းအား တင်းတင်းကျပ်ကျပ် လျှို့ဝှက်ဆောင်ရွက်လျက်ရှိပြီး အခြားသော အင်္ဂါရပ်များဖြစ်သည့် အလေးချိန်၊ ပစ်ခတ် နိုင်သည့်အကွာအဝေးနှင့် အရွယ်အစားများကိုလည်း တိကျရှင်းလင်းစွာထုတ်ပြန်ထား ခြင်းမရှိသေးကြောင်း Bulgarianmilitary သတင်းဌာနက ဖော်ပြထားပါသည်။ တူရကီ နိုင်ငံသည် ရုရှားထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ဝယ်ယူပြီးနောက် တွင် ၎င်းစနစ်များကို တန်ပြန်တိုက်ခိုက်နိုင်ရန် နည်းလမ်းရှာဖွေသည့်အနေဖြင့် ဒုံးကျည် စနစ်များပြုလုပ်ရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်းလည်း ရုရှားကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့ပါသည်။ အဆိုပါစနစ်သည် တာတိုနှင့် တာလတ်ပစ် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များကိုပင် ကြားဖြတ်ဟန့်တားမှုများပြုလုပ်လာနိုင်ကြောင်း အခြားသော ကျွမ်းကျွင်ပညာရှင်များက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သုံးသပ်ချက်

    တူရကီနိုင်ငံသည် အာရှနှင့်ဥရောပဒေသအား ဆက်သွယ်ထားသော မဟာဗျူဟာ ကျသည့် ပထဝီအနေအထားအားပိုင်ဆိုင်ထားရှိပြီး လက်ရှိအချိန်တွင် နိုင်ငံ၏ကာကွယ် ရေးစွမ်းအားကို ပိုမိုမြှင့်တင်လျက်ရှိပါသည်။ တူရကီနိုင်ငံအနေဖြင့် ၁၉၉၈ ခုနှစ်မှ စတင်၍ အမေရိကန်ဒေါ်လာ ၁၆၀ ဘီလီယံတန်ဖိုးရှိသည့် နှစ်ပေါင်း ၂၀ ကြာစီမံကိန်း တစ်ခုအား စတင်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ရေယာဉ်သစ်များ၊ ရေငုပ်သင်္ဘောများအား ပြည်တွင်း၌ပင် တပ်ဆင်ထုတ်လုပ်နိုင်ရန် စီစဉ်လုပ်ဆောင်ခဲ့ ပြီး ယခုအခါတွင်လည်း ရုရှားနိုင်ငံမှဝယ်ယူထားသည့် S-400 လေကြောင်းရန်ကာ ကွယ်ရေး ရေဒါစနစ်များကိုကျော်လွှားနိုင်သည့် ဒုံးကျည်စနစ်ကိုပါ ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ရန် စီစဉ်လျက်ရှိပါသည်။ အဆိုပါ Vulture အမည်ရှိ ဒုံးကျည်စနစ် စီမံ ကိန်းအား Roketsan ကုမ္ပဏီမှ ဆောင်ရွက်နေခြင်းဖြစ်ပြီး တူရကီ၏ ပဉ္စမမြောက် မျိုးဆက်ဖြစ်သည့် TF-X တိုက်လေယာဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်လာမည်ဖြစ်ပါသည်။ ထို့ပြင် ၎င်းစနစ်သည် အမေရိကန်နိုင်ငံထုတ် AGM-88 HARM ဒုံးကျည်၏ နေရာတွင် အစားထိုးနိုင်ရန်ရည်ရွယ်ခြင်းဖြစ်ပြီး မြန်နှုန်းမြင့်ဒုံးကျည်တစ်စင်းဖြစ်ကာ ရန်သူ၏ ရေဒါ စနစ်များကိုပါ တိုက်ခိုက်နိုင်မည်ဖြစ်ပါသည်။ တူရကီနိုင်ငံသည် ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဝယ်ယူပြီးနောက်တွင် ၎င်းစနစ်များကို တန်ပြန် တိုက်ခိုက်နိုင်ရန် နည်းလမ်းရှာဖွေသည့်အနေဖြင့် ထိုကဲ့သို့ဒုံးကျည်စနစ်များပြုလုပ်ရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း ရုရှားကျွမ်းကျင်ပညာရှင်များက ပြောကြားထားပါသည်။ သို့သော်လည်း ၎င်းဒုံးကျည်စနစ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ ကိုမူ ထုတ်ပြန်ကြေညာထားခြင်းမရှိသေးကြောင်းတွေ့ရှိရပါသည်။ ယခုကဲ့သို့ ဒုံးကျည် စနစ်များ ပြုလုပ်ရန် စီစဉ်နေမှုသည် တူရကီ၏ ကာကွယ်ရေးနှင့်နည်းပညာစွမ်းရည် တိုးတက်မြင့်မားလာခြင်းကို ပြသခြင်းသာမက ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စျေးကွက်ကိုလည်း ပိုမိုချဲ့ထွင်လာနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် တူရကီနိုင်ငံသည် စစ်ရေးနည်းပညာကဏ္ဍတွင် ဩဇာလွှမ်းမိုးမှုများစွာဖြစ်ပေါ်လာစေရန်၊ ကိုယ်ပိုင်တီထွင် ထုတ်လုပ်နိုင်ရေးရည်မှန်းချက်များ အောင်မြင်နိုင်ရန်နှင့် ဒေသတွင်းမဟာဗျူဟာမြောက် လွှမ်းမိုးမှုနယ်ပယ်ကို ချဲ့ထွင်နိုင်သည့် အင်အားကြီးနိုင်ငံဖြစ်လာစေရန်တို့အတွက် အဓိက ကျသည့် ကာကွယ်ရေးစွမ်းအားကို အဆင့်မြှင့်တင်မှုများပြုလုပ်နေခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment