Sunday, January 1, 2023

တူကီယဲနိုင်ငံခြားရေးဝန်ကြီးသည် ဂါဘွန်၊ ဘရာဇီးလ်နှင့် ဂွါတီမာလာနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့ခြင်း

တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် ဂါဘွန်၊ ဘရာဇီးလ်နှင့် ဂွါတီမာလာနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံ ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဇန်နဝါရီလ ၁ ရက်တွင် ရေးသားဖော်ပြ ခဲ့ပါသည်။ ၎င်းတို့သည် ဘရာဇီးလ်ရွေးကောက်ခံသမ္မတ လူးဝစ်အင်နာစီအိုလူလာဒါ ဆေးလ်ဗား (Luiz Inacio Lula da Silva) ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအား တက်ရောက်ရန် ဘရာဇီးလ်နိုင်ငံသို့ ရောက်ရှိနေကြခြင်းဖြစ်ပါသည်။ ကာဗူဆိုဂလူသည် ဘရာဇီးလ် နိုင်ငံခြားရေးဝန်ကြီး မော်ရိုဗီရာ (Mauro Vieira)၊ ဂါဘွန်နိုင်ငံခြားရေးဝန်ကြီး မီချယ်လ် မိုဆာအဒမ်အို (Michael Moussa-Adamo) နှင့် ဂွါတီမာလာနိုင်ငံခြားရေးဝန်ကြီး မာရီယိုဘူကာရို (Mario Bucaro) တို့နှင့် အသီးသီးတွေ့ဆုံ၍ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကာကွယ်ရေးနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment