Monday, January 9, 2023

တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့အကြား ဆွေးနွေးပွဲများပြုလုပ်နေမှုကို နှောင့်ယှက်ဖျက်ဆီးခြင်းမပြုလုပ်ရန် ဆီးရီးယားသူပုန်များကို သတိပေးပြောကြားခဲ့ခြင်း

တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) သည် ဇန်နဝါရီလ ၁၀ ရက်တွင် တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့အကြား ဆွေးနွေးပွဲများပြုလုပ်နေမှုကို နှောင့်ယှက်ဖျက်ဆီးခြင်းမပြုလုပ်ရန် ဆီးရီးယားသူပုန်များကို သတိပေးပြောကြားမှုပြုလုပ် ခဲ့ကြောင်း Xinhua သတင်းဌာနက ဇန်နဝါရီလ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းတို့ နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်ယုံကြည်မှုတည်ဆောက်၍ နှစ်နိုင်ငံအကြား ပုံမှန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန်သာမက ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို မြှင့်တင်နိုင်ရန်အတွက် ဆွေးနွေးပွဲများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း ဟူလူဆီအကာက ပြောကြားခဲ့ပါ သည်။ ဆီးရီးယားသူပုန်များသည် ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ် (Bashar Al-Assad) အား ရာထူးမှဖြုတ်ချရန် ကြိုးပမ်းလျက်ရှိသည့်အပြင် တူကီယဲနှင့် ဆီးရီးယား နိုင်ငံတို့အကြား ဆွေးနွေးပွဲများပြုလုပ်နေမှုကိုလည်း ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment