Sputnik;Jan-16 (Mon)
အမေရိကန်နိုင်ငံအနေဖြင့် တူကီယဲနှင့် ဂရိနိုင်ငံတို့အကြား ဆက်ဆံရေးကို ထိန်းညှိဆောင်ရွက်သွားရန် တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ဇန်နဝါရီလ ၁၆ ရက်တွင် တိုက်တွန်းပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် F-35 လေယာဉ်များအပါအဝင် အခြားသောစစ်လက်နက် ပစ္စည်းများကို ဂရိနိုင်ငံသို့ ရောင်းချသွားရန်စီစဉ်လျက်ရှိကြောင်း သတင်းများထွက်ပေါ် လာခဲ့ခြင်းကြောင့် ကာဗူဆိုကလူက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့်နှစ်များအတွင်း ဂရိနှင့် တူကီယဲနိုင်ငံတို့အကြား ဆက်ဆံရေးထိန်းညှိခြင်းမရှိသည့်အတွက် အရှေ့မြေထဲပင်လယ် အတွင်း အခြေအနေများကို အကျိုးသက်ရောက်စေသောကြောင့် ကာဗူဆိုဂလူက ယခု ကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းလည်းဖြစ်ပါသည်။
ဂရိဆိုက်ပရပ်စ်အား လက်နက်ရောင်းချမှုတားမြစ်ခြင်းအပေါ် အမေရိကန်နိုင်ငံ၏ ဖယ်ရှားမှုသည် မြေထဲပင်လယ်ဒေသအတွင်း အခြေအနေများကို ပိုမိုဆိုးရွားလာစေကြောင်း ကိုလည်း ၎င်းကပြောကြားခဲ့ပါသည်။ ထို့ပြင် ဂရိနိုင်ငံအနေဖြင့် ၁၉၂၃ ခုနှစ်တွင် ချုပ်ဆို ခဲ့သော Lausanne စာချုပ်ကိုချိုးဖောက်၍ အေဂျီယံကျွန်းများပေါ်တွင် စစ်လက်နက်ပစ္စည်း များကို တပ်ဖြန့်ချထားလျက်ရှိကြောင်း တူကီယဲနိုင်ငံက စွပ်စွဲပြောကြားလျက်ရှိပါသည်။ တူကီယဲနှင့် ဂရိနိုင်ငံတို့သည် မြေထဲပင်လယ်နှင့် အေဂျီယံပင်လယ်အတွင်း ပိုင်နက် နယ်မြေတောင်းဆိုမှုများ၊ ရေပိုင်နက်နယ်နိမိတ်ကန့်သတ်မှုတို့နှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်မှစ၍အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။
No comments:
Post a Comment