Monday, January 2, 2023

ဗြိတိန်အစိုးရသည် အယ်လ်ဘေးနီးယားရွှေ့ပြောင်းဝင်ရောက်သူများ ပြည်နှင်ဒဏ်ပေးရေးဆိုင်ရာ ဥပဒေတစ်ရပ်ကိုပြဋ္ဌာန်းနိုင်ရန် စီစဉ်လျက်ရှိခြင်း

The National News; Jan-2 (Mon)

ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနပ် (Rishi Sunak) သည် အယ်လ်ဘေးနီးယား ရွှေ့ပြောင်းဝင်ရောက်လာသူများအား လေကြောင်းမှတစ်ဆင့်နှင်ထုတ်ရာတွင် ပိုမိုလွယ်ကူ စေမည့် ဥပဒေတစ်ရပ်အား အဆိုပြုပြဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း The National News သတင်းဝဘ်ဆိုက်က ဇန်နဝါရီလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွင်း အယ်လ်ဘေးနီးယားနိုင်ငံသား ၈၁၅ ဦးဝင်ရောက်ခဲ့မှုနှင့် နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ်တွင် အယ်လ်ဘေးနီးယားနိုင်ငံသား ၁၁,၀၀၀ ဦးကျော်သည် အင်္ဂလိပ်ရေလက်ကြားကို တရားမဝင်ဖြတ်သန်းခဲ့ပြီးနောက် ဗြိတိန်နိုင်ငံသို့လှေငယ်များဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ် ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ထို့ပြင် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အကြား ဗြိတိန်သို့ဝင်ရောက်လာမှုတွင် အယ်လ်ဘေးနီးယားလှေငယ်များဖြင့် ဝင်ရောက်လာမှုသည် ၉၅ ရာခိုင်နှုန်းအထိရှိပြီး အဆိုပါကိစ္စရပ်အနေဖြင့် ဗြိတိန်အစိုးရ အား ရွှေ့ပြောင်းဝင်ရောက်လာသူများကိုနှင်ထုတ်ရေး အရှိန်မြှင့်လုပ်ဆောင်ရန် ဦးတည် စေခဲ့ပါသည်။

၎င်းကိစ္စရပ်အပေါ် နောက်ဆုံးလုပ်ဆောင်ချက်အနေဖြင့် ဗြိတိန်ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ အယ်လ်ဘေးနီးယားနိုင်ငံသို့ ၎င်းတို့နိုင်ငံသားများ ပြန်လည် နှင်ထုတ်ရေးအတွက် အပတ်စဉ်လေယာဉ်ခရီးစဉ်များ တိုးမြှင့်ပြေးဆွဲနိုင်မည့် ဥပဒေ တစ်ရပ်ကိုပြဋ္ဌာန်းနိုင်ရန် မျှော်မှန်းလျက်ရှိပါသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် အန္တရာယ်ရှိသော ရေလက်ကြားအား ဖြတ်သန်းသွားလာမည့်သူများကို တားဆီးနိုင်မည်ဟု ဗြိတိန်အစိုးရအဖွဲ့ ဝန်ကြီးများက မျှော်မှန်းလျက်ရှိပါသည်။ ၎င်းကိစ္စရပ်အား ယခုလအတွင်း ဆောင်ရွက်ရန် စီစဉ်ထားသော်လည်း ပြည်နှင်ဒဏ်ပေးရေးနှင့်စပ်လျဉ်းသည့် ဥပဒေပိုင်းဆိုင်ရာစိန်ခေါ်မှုများ ဖြစ်ပေါ်လာမည်ကိုစိုးရိမ်၍ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပါသည်။ ဗြိတိန်အစိုးရသည် ရဝမ်ဒါနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းလာသူများအား နှင်ထုတ်ရေးကို ဇွန်လအတွင်းစတင်လုပ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း ရွှေ့ပြောင်းဝင်ရောက်သူများဖယ်ရှားရေးနှင့်စပ်လျဉ်း၍ ကန့်ကွက်ခံရမှု များနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ရကြောင်း သိရှိရပါသည်။

No comments:

Post a Comment