Tuesday, January 17, 2023

ပိုလန်နိုင်ငံသည် ရွှေ့ပြောင်းအခြေချနေထိုင်မှုကိစ္စရပ်အား တူကီယဲနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည်ဆိုခြင်း

Anadolu Agency;Jan-18(Wed)

ပိုလန်နိုင်ငံအနေဖြင့် ရွှေ့ပြောင်းအခြေချနေထိုင်မှုဆိုင်ရာအကျပ်အတည်းများ အား ကိုင်တွယ်ဖြေရှင်းရန်အတွက် ၎င်း၏မဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံဖြစ်သည့် တူကီယဲနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားရန်အသင့်ရှိကြောင်း ပိုလန်ဒုတိယနိုင်ငံခြားရေး ဝန်ကြီး အာကေဒီးရပ်ဇ်မူလာချခ် (Arkadiusz Mularczyk) က ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဇန်နဝါရီလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပိုလန်နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်မှုများနှင့် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခ စတင်ဖြစ်ပွားပြီးနောက် ဥရောပ၏ ရွှေ့ပြောင်းအခြေချနေထိုင်မှုဆိုင်ရာ စီမံခန့်ခွဲဖြေရှင်းမှုများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ဖြေကြားရာတွင် မူလာချခ်က အထက်ပါအတိုင်းပြောကြား ခဲ့ခြင်းဖြစ်ပါသည်။ အခြားဥရောပနိုင်ငံများအနေဖြင့်လည်း ရွှေ့ပြောင်းအခြေချနေထိုင်မှု ဆိုင်ရာအကျပ်အတည်းများအား ဖြေရှင်းရန် စည်းလုံးညီညွတ်စွာ ပူးတွဲကြိုးပမ်းဆောင်ရွက် သင့်ကြောင်း ၎င်းက တိုက်တွန်းပြောကြားခဲ့ပါသည်။

ပိုလန်နှင့် တူကီယဲနိုင်ငံတို့အကြား ရွှေ့ပြောင်းအခြေချနေထိုင်သူများ၏အခြေအနေ များနှင့်ပတ်သက်သည့် အတွေ့အကြုံများအား အပြန်အလှန်ဖလှယ်သွားမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းအခြေချနေထိုင်သူများအတွက် လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများရရှိရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် အထောက်အပံ့များရရှိရန် အခြားဥရောပနိုင်ငံများကို စည်းရုံးသိမ်းသွင်းသွားမည်ဖြစ် ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံသား ၉ သန်းနီးပါး သည် ဒုတိယကမ္ဘာစစ်ကတည်းကပင် ပိုလန်နိုင်ငံ၏ နယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ၃.၅ သန်းခန့်မှာ ၎င်းတို့နိုင်ငံအတွင်း အခြေချနေထိုင်ခဲ့ခြင်းကြောင့် အကြီးမားဆုံး အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရှိရပါသည်။

No comments:

Post a Comment