Wednesday, July 15, 2020

တူရကီနှင့် အမေရိကန်တို့သည် လစ်ဗျားနိုင်ငံတည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ခြင်း


Trtworld; Jul-15(Wed)
              တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် လစ်ဗျားအ‌ရေးကိစ္စနှင့် ပတ်သက်၍ နှစ်နိုင်ငံပူး‌ပေါင်းဆောင်ရွက်‌ရန်အတွက် တယ်လီဖုန်းဖြင့်ဆွေးနွေးမှု တစ်ရပ်ကို ဇူလိုင်လ ၁၄ရက်တွင်ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းဌာန တစ်ခုက ဖော်ပြခဲ့ပါသည်။  နှစ်နိုင်ငံသမ္မတများသည်  လစ်ဗျားနိုင်ငံအတွင်းတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများအပြင် နှစ်နိုင်ငံ ကုန်သွယ်ရေးရည်မှန်းချက်အား အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံအထိ တိုးမြှင့်အကောင်အထည်ဖော်ဆောင်သွားရန်အတွက်လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါသည်။ နှစ်နိုင်ငံသမ္မတနှစ်ဉီးသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု များအပြင် ဒေသတွင်းပဋိပက္ခများနှင့်ပတ်သက်၍ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ကြရန် လည်း ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူ ဂျုဒ်ဒီရီ (Judd Deere) က Twitter တွင် ပြောကြားခဲ့ပါသည်။
              တူရကီနိုင်ငံသည် လစ်ဗျားအရေးတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရန်အတွက် ယခင်ကတည်းကပင် အမေရိကန်နိုင်ငံအား တောင်းဆိုမှုများပြုလုပ်ခဲ့ပါသည်။ ယူအေအီ နိုင်ငံသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း တွင်လစ်ဗျားနိုင်ငံ၏ ရေနံတင်ပို့မှုအပေါ် ပိတ်ဆို့အရေးယူမှုများအား လက်တုံ့ပြန် သည့်အနေဖြင့် လစ်ဗျားပြည်တွင်းစစ်အတွင်းသို့ ကြေးစာစစ်သားများ တရားမဝင်ပို့ဆောင်ခဲ့ကြောင်း လစ်ဗျားအမျိုးသားရေနံကော်ပိုရေးရှင်း (Libya’sNational Oil Corp-NOC) က စွပ်စွဲပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ရေနံတင်ပို့မှု ဆိုင်ရာပိတ်ဆို့ခြင်းများ ပြုလုပ်ပြီးနောက်တွင် အမေရိကန်နိုင်ငံက ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ရာ အဆိုပါကြေညာချက်တွင်  ပြည်ပကြေးစားစစ်သားများသည် NOC ၏ အရေးပါသောလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး လစ်ဗျားနိုင်ငံအတွင်း ထိပ်တိုက်တွေ့ဆုံမှုအန္တရာယ်များ ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း ဖော်ပြထားသည်ဟု သိရှိရပါသည်။

No comments:

Post a Comment