Arabnews;
Jul-19(Sun)
အမေရိကန်နိုင်ငံသည် F-35 တိုက်လေယာဉ်ပူးတွဲထုတ်လုပ်မှုစီမံကိန်း၏ တရားဝင်ဝဘ်ဆိုက်တွင်
ဖော်ပြထားသည့် တူရကီနိုင်ငံ၏ အမည်စာရင်းအား ဖယ်ရှား ခဲ့ကြောင်း၊ ထိုကဲ့သို့ဖယ်ရှားမှုသည်
တူရကီနိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ S-400 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်စနစ်များ
ဝယ်ယူမှုနှင့်စပ်လျဉ်း၍ နောက်ဆုံးအကြိမ် ဆုံးဖြတ်ချက် ချမှတ်သွားရန်
ဖိအားပေးမှုတစ်ခုသာဖြစ်ကြောင်း Arabnews သတင်းဌာနက ဇူလိုင်လ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ရုရှားနိုင်ငံထံမှ S-400 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်စနစ်၏ အစိတ်အပိုင်းများအား ၂၀၁၉ ခုနှစ်၊
ဇူလိုင်လတွင် လက်ခံ ရရှိခဲ့ပြီးနောက်
အမေရိကန်နိုင်ငံသည် F-35 တိုက်လေယာဉ်ပူးတွဲထုတ်လုပ်မှုစီမံကိန်းမှ တူရကီနိုင်ငံ၏
ပါဝင်ဆောင်ရွက်မှုများကို ဆိုင်းငံ့ခဲ့ပါသည်။ ထို့ပြင် F-35 တိုက်လေယာဉ်များ ရောင်းချသွားမည့်အစီအစဉ်ကိုလည်း အမေရိကန်နိုင်ငံက ငြင်းပယ်ခဲ့ပါသည်။
တူရကီနိုင်ငံသည် အဆိုပါဒုံးကျည်စနစ်များအား ၂၀၂၀
ပြည့်နှစ်၊ ဧပြီလတွင် စတင် အသုံးပြုရန် စီစဉ်ထားရှိသော်လည်း လက်ရှိအချိန်အထိ
အသုံးပြုနိုင်ခြင်းမရှိသေးကြောင်း အဆိုပါသတင်းဌာနက
ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံသည် အမေရိကန်နိုင်ငံမှ ဦးဆောင် ပြုလုပ်လျက်ရှိသည့် F-35 တိုက်လေယာဉ်များ ပူးတွဲထုတ်လုပ်ရေးစီမံကိန်းတွင် ဗြိတိန်၊ သြစတြေးလျ၊ အီတလီ၊ နော်ဝေ၊ နယ်သာလန်၊
ဒိန်းမတ်နှင့် ကနေဒါနိုင်ငံတို့နှင့် အတူပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါစီမံကိန်းအရ တူရကီကုမ္ပဏီ ၁၀ ခုသည် F-35
တိုက်လေယာဉ်များအတွက် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့် တန်ဖိုးရှိသည့် အစိတ်အပိုင်း
၉၀၀ ကျော်ကို ထုတ်လုပ်ပေးသွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
တူရကီနိုင်ငံသည် အမေရိကန်နိုင်ငံမှ ဉီးဆောင်ပြုလုပ်လျက်ရှိသည့် အမေရိကန် ဒေါ်လာ ၄၀၀ ဘီလီယံတန်ဖိုးရှိသော F-35 တိုက်လေယာဉ်များ ပူးတွဲထုတ်လုပ်ရေး စီမံကိန်းတစ်ခုတွင် ဗြိတိန်၊ သြစတြေးလျ၊ အီတလီ၊ နော်ဝေ၊ နယ်သာလန်၊ ဒိန်းမတ်နှင့် ကနေဒါနိုင်ငံတို့နှင့်အတူ ပူးပေါင်းပါဝင်ခဲ့သည့်အပြင် F-35 တိုက်လေယာဉ် ၁၁၆ စီးဝယ်ယူသွားရန်အတွက်လည်း စီစဉ်ထားရှိပါသည်။ အဆိုပါစီမံကိန်းအရ တူရကီကုမ္ပဏီ ၁၀ ခုသည်
F-35 တိုက်လေယာဉ်များအတွက် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့်တန်ဖိုးရှိသည့် အစိတ်အပိုင်း ၉၀၀ ကျော်ကို ထုတ်လုပ်ပေးသွားရမည် ဖြစ်ပါသည်။ တူရကီနှင့် အမေရိကန်နိုင်ငံတို့အကြား ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက် မှုများပြုလုပ်နေစဉ်အတွင်း တူရကီနိုင်ငံသည် အမေရိကန်နိုင်ငံ၏
ရန်ဘက်ဖြစ်သည့် ရုရှားနိုင်ငံထံမှ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိသော S-400 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်စနစ်များအား ဝယ်ယူခဲ့သည့်အတွက် အမေရိကန်နိုင်ငံက ပြင်းထန်စွာကန့်ကွက်ခဲ့ပါသည်။ ထိုကဲ့သို့အချိန်တွင် တူရကီနိုင်ငံသည် ရုရှားနိုင်ငံထံမှ S-400 ဒုံးကျည်စနစ်များအား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ
၁၂ ရက်တွင် လက်ခံရရှိခဲ့ပြီး ဒုတိယ အသုတ်ရရှိရေးအတွက်လည်း ဆောင်ရွက်လျက်ရှိရာ အမေရိကန်နိုင်ငံက တုံ့ပြန်သည့် အနေဖြင့် F-35 တိုက်လေယာဉ်ပူးတွဲထုတ်လုပ်မှုစီမံကိန်း၏
တရားဝင်ဝဘ်ဆိုက်မှ တူရကီနိုင်ငံအား ဖယ်ရှားခဲ့ရုံသာမက တူရကီနိုင်ငံရှိ F-35 တိုက်လေယာဉ်များအတွက် လိုအပ်သော လေ့ကျင့်မှုများပြုလုပ်ပေးခြင်းကို အကန့်အသတ်မရှိ ဆိုင်းငံ့ထားခဲ့ပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် တူရကီနိုင်ငံ၏ ရန်ဘက်ဖြစ်သည့် ကာ့ဒ်သူပုန်များအပေါ် လက်နက်များတပ်ဆင်ပေးခဲ့ခြင်း၊ ပက်ထရီးရော့ (Patriot) ဒုံးကျည်များအား တူရကီ နိုင်ငံသို့ရောင်းချရန် ငြင်းဆိုခဲ့ခြင်းတို့ကြောင့် တူရကီနိုင်ငံသည် အမေရိကန်နိုင်ငံအပေါ် ယုံကြည်မှုလျော့ပါးလာကာ စစ်ဘက်အခန်းကဏ္ဍမြှင့်တင်ရာတွင် ရုရှားနိုင်ငံကို အားထား
လာခဲ့သည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍
တူရကီနှင့် အမေရိကန်နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှုများ
ရှိလာနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment