Xinhua; Jul-6 (Mon)
ခရိုအေးရှားဝန်ကြီးချုပ် အန်ဒရေပလန်ကိုဗစ် (Andrej Plenkovic) ဦးဆောင်သော လက်ရှိအာဏာရ ခရိုအေးရှားဒီမိုကရက်တစ် (Croatian Democratic Union-HDZ) ပါတီသည် ဇူလိုင်လ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် လွှတ်တော် ရွေးကောက်ပွဲအတွင်း အမတ်နေရာအများစုကိုအနိုင်ရရှိခဲ့ပြီး မကြာမီအချိန်အတွင်း အစိုးရအသစ်တစ်ရပ်ကို ဖွဲ့စည်းနိုင်မည်ဟုမျှော်မှန်းရပါသည်။ မဲအရေအတွက်၏ ၉၁ ရာခိုင်နှုန်းကျော်ကို ရွေးကောက်ပွဲကော်မရှင်မှ ရေတွက်ပြီးနောက် HDZ ပါတီသည် အမတ် ၆၇ နေရာ၊ ဒါဗာဘန်နာဒစ် (Davor Bernardic) ဦးဆောင်သော ဆိုရှယ် ဒီမိုကရက်တစ်ပါတီ (Social Democratic Party-SDP) က အမတ် ၄၁ နေရာ၊ မကြာသေးမီအချိန်က တည်ထောင်ခဲ့သည့်
အဆိုတော် မီရိုဆလက်ဗ်စကိုရို (Miroslav Skoro) ၏ အမိမြေလှုပ်ရှားမှု (Homeland
Movement) ပါတီက အမတ် ၁၆ နေရာ အသီးသီးရရှိခဲ့ပါသည်။
သုံးသပ်ချက်
ခရိုအေးရှားလွှတ်တော်ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အန်ဒရေပလန်ကိုဗစ် (Andrej PLENKOVIC) ဦးဆောင်သော လက်ရှိအာဏာရ ခရိုအေးရှားဒီမိုကရက်တစ်ပါတီ
(Croatian
Democratic Union-HDZ)က
အနိုင်ရရှိခဲ့ပါသည်။ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၁၆ ခုမှ ကိုယ်စားလှယ် လောင်း ၁၅၁ ဦး ဝင်ရောက်ရွေးကောက်ခံခဲ့ပြီး မဲဆန္ဒရှင်
၃.၈ သန်းလာရောက်မဲပေး
ခဲ့ပါသည်။ မဲအရေအတွက်၏ ၉၁ ရာခိုင်နှုန်းကို
ရွေးကောက်ပွဲကော်မရှင်မှ
ရေတွက် ပြီးနောက် HDZ ပါတီသည် အမတ် ၆၇ နေရာ၊ ဒါဗာဘန်နာဒစ် (Davor Bernardic) ဦးဆောင်သော ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (Social
Democratic Party-SDP) သည်
အမတ် ၄၁ နေရာ၊ မကြာသေးမီအချိန်က အဆိုတော် မီရိုဆလက်ဗ် စကိုရို (Miroslav Skoro) တည်ထောင်ခဲ့သည့် (Homeland Movement) ပါတီသည် အမတ် ၁၆ နေရာ အသီးသီးအနိုင်ရရှိခဲ့ပါသည်။ ရွေးကောက်ပွဲကို
ယခင်က ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၃ ရက်တွင် ကျင်းပပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ဆောင်းရာသီ၌ကျင်းပမည့်အစား နွေရာသီတွင် အချိန်စောကျင်းပခဲ့ရခြင်းဖြစ်ပါသည်။
အစိုးရအနေဖြင့် ရွေးကောက်ပွဲကို ဆောလျင်စွာပြုလုပ်ရခြင်းမှာ
နိုင်ငံအတွင်းဖြစ်ပွား နေသည့် ကူးစက်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ခြင်းနှင့် ရောဂါပျံ့နှံ့မှုကြောင့် နိုင်ငံ၏စီးပွားရေး ကျဆင်းမှုကို
လျှော့ချခြင်းကိစ္စရပ်တို့တွင်
အစိုးရသစ်တစ်ရပ်ကို လျင်မြန်စွာဖွဲ့စည်း၍
အကောင်အထည်ဖော်ဆောင်ရွက်သွားရန်
ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အသစ် ဖွဲ့စည်းမည့်အစိုးရသည်
ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ဆက်လက်တိုက်ထုတ်ခြင်း၊ အလုပ် လက်မဲ့နှုန်းမြင့်တက်ခြင်းနှင့် ခရီးသွားလုပ်ငန်းအပေါ် အကြီးအကျယ်မှှီခိုနေရသော
နိုင်ငံ တစ်နိုင်ငံ၌ဖြစ်ပွားသော ကပ်ရောဂါနောက်ဆက်တွဲ
ဆိုးရွားသည့်စီးပွားရေးအကျပ်အတည်း စသည့်စိန်ခေါ်မှု များစွာနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း
သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment