Xinhua;
Jul-10 (Fri)
တူရကီနိုင်ငံနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့သည်
ဒေသတွင်းဖြစ်ပွား လျက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ
ပူးပေါင်းဆောင်ရွက်မှု များအပါအဝင် လူသားချင်းစာနာထောက်ထားမှုနှင့်
ကျန်းမာရေးဆိုင်ရာအရေးပေါ် အခြေအနေများအတွက် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင်
WHO ရုံးခွဲသစ်အား ဖွင့်လှစ်သွားရန် သဘောတူညီခဲ့ကြပါသည်။ အဆိုပါ သဘောတူစာချုပ်အား
တူရကီ ကျန်းမာရေးဝန်ကြီး ဖာရက်တင်ကိုကာ (Fahrettin Koca) နှင့် ဥရောပဒေသဆိုင်ရာ
WHO ၏ ဒေသတွင်း ညွှန်ကြားရေးမှူး ဟန်စ်ဟန်ရီကလူ့ (Hans Henri Kluge) တို့က
ဇူလိုင်လ ၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါသည်။ အဆိုပါရုံးခွဲသစ်ဖွင့်လှစ်
ခြင်း၏ ရည်ရွယ်ချက်သည် ဒေသတွင်းဖြစ်ပွားလျက်ရှိသော လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအခြေအနေများကို
တုံ့ပြန်သွားရန်အတွက်ဖြစ်ကြောင်း ကိုကာက ပြောကြား ခဲ့ပါသည်။
တူရကီနိုင်ငံတွင်
ဇူလိုင်လ ၉ ရက်အထိ စာရင်းများအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀၉,၉၆၂ ဦး၊ သေဆုံးသူ ၅,၃၀၀ ဦးအထိရှိပြီး
ပြန်လည်ကောင်းမွန်လာ သည့်အရေအတွက်မှာ ၁၉၀,၃၉၀ ဦးရှိကြောင်း ကိုကာက
ပြောကြားခဲ့ပါသည်။ လက်ရှိ အချိန်တွင် အထူးကြပ်မတ်ကုသရေးအဆောင်များ၌
ကုသမှုခံယူလျက်ရှိသည့်လူနာ ၁,၁၇၉ ဦးရှိပြီး
၃၉၉ ဦးမှာ အသက်ရှူစက်များဖြင့် ကုသမှုခံယူနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံသည်
ပထမဆုံးကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည်ပြုလူနာအား မတ်လ ၁၁ ရက်တွင်
ထုတ်ဖော်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment