၃။ ပိုလန်နိုင်ငံ၏
လက်ရှိသမ္မတ အန်ဒရေဒူဒါ (Andrzej Duda) သည် သမ္မတ အဖြစ် ထပ်မံရွေးကောက်ခြင်းခံခဲ့ရကြောင်း
ပိုလန်ရွေးကောက်ပွဲကော်မရှင်က ဆန္ဒမဲ ရေတွက်မှုများပြုလုပ်ခဲ့ပြီး ဇူလိုင်လ ၁၃ ရက်တွင်ထုတ်ပြန်ခဲ့ပါသည်။
ဇူလိုင်လ ၁၂ ရက် တွင်ကျင်းပခဲ့သော ဒုတိယအကြိမ်သမ္မတရွေးကောက်ပွဲ၌
ဒူဒါသည် ဆန္ဒမဲအရေအတွက် ၅၁.၀၃ ရာခိုင်နှုန်းရရှိခဲ့ပြီး
Civic Platform ပါတီမှ ၎င်း၏အဓိကပြိုင်ဘက်ဖြစ်သူ ဝါဆော မြို့တော်ဝန် ရာဖာဇာကောစကီး
(Rafa Trzaskowski) သည် ဆန္ဒမဲအရေအတွက် ၄၈.၉၇ ရာခိုင်နှုန်းအသီးသီးရရှိခဲ့ကြပါသည်။
ပိုလန်နိုင်ငံ၌ ဆန္ဒမဲပေးခွင့်ရှိသူစုစုပေါင်း
သန်း ၃၀ ရှိရာ ပိုလန်ပြည်သူ သန်း ၂၀ ကျော်က
ဆန္ဒမဲပေးခဲ့ကြပြီး ဒူဒါသည် ၂၀၁၅ ခုနှစ် သမ္မတရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment