Monday, July 20, 2020

News Bar


           ဂရိနိုင်ငံသည် မြေထဲပင်လယ်အရှေ့ပိုင်းတွင် တူရကီနိုင်ငံ၏ ကျူးကျော်ရန်စမှု များကို တုံ့ပြန်နိုင်ရန်အတွက် ၎င်း၏စစ်ရေးစွမ်းရည်များကို မြှင့်တင်နိုင်ရေးစဉ်းစား သုံးသပ်လျက်ရှိကြောင်းနှင့် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လက်ရှိတွင် ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်တိုတားကစ် (Kryriakos Mitsotakis) နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmunael Macron) တို့အကြား ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ဂရိသတင်းဌာန တစ်ခုက ဇူလိုင်လ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံထံမှ ယူရို ၃ ဘီလီယံတန်ဖိုးရှိသည့် နောက်ဆုံးပေါ်ဖရီးဂိတ်စစ်သင်္ဘော ၂ စီး ဝယ်ယူရရှိရေး ဆောင်ရွက်လျက်ရှိရာ အဆိုပါကိစ္စနှင့်ပတ်သက်၍ ၎င်းတို့နှစ်ဦးအကြားတွင် အဓိကထား ဆွေးနွေးခဲ့ကြပါသည်။ ဂရိနိုင်ငံသည် လက်ရှိရေတပ်နှင့်လေတပ်များဖြင့်ပင် တူရကီ နိုင်ငံ၏ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် စိန်ခေါ်မှုများကို တုံ့ပြန်နိုင်စွမ်းရှိကြောင်း၊ အခြား တစ်ဖက်တွင်လည်း တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့လက်နက် စနစ်များတွင် တပ်ဆင်သုံးစွဲနိုင်သည့် ဒုံးကျည်များအား  ဝယ်ယူရရှိနိုင်ရေးအတွက် ပြင်ဆင် မှုများပြုလုပ်လျက်ရှိကြောင်း အဆိုပါသတင်းဌာနက ဆက်လက်ဖော်ပြခဲ့သည်ဟု သိရှိရ ပါသည်။ 

No comments:

Post a Comment