intellinews; Jul -23 (Fri)
ဘူလ်ဂေးရီးယားနိုင်ငံအတွင်း
လူထူဆန္ဒပြမှုများကို အဆုံးသတ်ရန်နှင့် နိုင်ငံရေးတင်းမာမှုများကို လျော့ချနိုင်ရန်နှင့်အတွက် ဝန်ကြီး၄ပါးကိုဖြုတ်၍
ဝန်ကြီး ၅ဉီးဖြင့်အစားထိုးခံအပ်မည်ဟု ဇူလိုင်လ၂၃ရက်နေ့တွင် ဘူလ်ဂေးရီးယားဝန်ကြီး ချုပ်
ဘိုရီဆော့ဗ် (Borrisssov)က တရားဝင်ကြေညာခဲ့ပါသည်။ ဝန်ကြီးချုပ် ဘိုရီဆော့ဗ် ကြေညာခဲ့သောဝန်ကြီးများမှာ
ဘဏ္ဍာရေးဝန်ကြီး၊ စီးပွားရေးဝန်ကြီး၊ ပြည်ထဲ့ရေး ဝန်ကြီးနှင့် ခရီးသွားလာရေးဝန်ကြီးတို့ဖြစ်ပြီး
ဝန်ကြီးချုပ်က ဇူလိုင်လ ၂၃ ရက်တွင် ဖယ်ရှားခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိကျန်းမာ့ရေးဝန်ကြီး
ပါမောက္ခကောစတာဒင် အန်ဂျိလော့(Kostadin Angelov)နေရာတွင် ဝန်ကြီးကီရီ အန်နာဗ်(Kiril Ananiev) အား ဝန်ကြီးချုပ်က တာဝန်ယူစေခဲ့ပါသည်။
အန်နာဗ်သည်လည်း ယခင်အစိုးရ အဖွဲ့တွင် ဒုတိယဘဏ္ဍာရေးဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့ သူတစ်ဦး
ဖြစ်ပါသည်။
ဝန်ကြီးချုပ်သည်
၎င်း၏ အစိုးရအဖွဲ့အတွင်း တာဝန် ထမ်းဆောင်လျက်ရှိသော လက်ရှိဘဏ္ဍာရေးဝန်ကြီး ဗလာဒစ်ဆလဗ်
ဂိုရာနော့ဗ် (Vladislav Goranov) ၊စီးပွားရေးဝန်ကြီး အီမီကိုရာနီကိုလော့ဗ် (Emil
Karanikolov) ၊ ပြည်ထဲရေးဝန်ကြီး မဲလယ်ဒင်မာရီနော့ဗ် (Mladen Marinov)တို့အား ရာထူးမှ
နုတ်ထွက်ရန်အတွက် ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းကတည်းက တောင်းဆိုခဲ့ခြင်းဖြစ်ပါသည်။
အစိုးရရှေ့နေချုပ် အိုင်ဗန်ဂန်ရှီနှင့် အစိုးရအဖွဲ့ဝင် အချိုနှုတ်ထွက်မှုနှင့်ပတ်သက်၍
ပြီးခဲ့သည်သတင်းပတ်နှစ်ပတ်အတွင်းမြို့တော် ဆိုဖိယာမြို့ရှိလမ်းမများပေါ်တွင် ဆန္ဒပြကန့်ကွက်သူများအား
ကျေနပ်မှုမရှိခဲ့သည်အပြင် အထက်ပါဝန်ကြီး ခန့်အပ် အစားထိုးမှုသည်လည်း နောက်ကျနေပြီးဖြစ်ကြောင်း
လေ့လာသုံးသပ်သူများက ပြောကြားလျက်ရှိပါသည်။
No comments:
Post a Comment