Monday, July 6, 2020

တူရကီနိုင်ငံမှ ရုရှှားနိုင်ငံသို့ သံမဏိတင်ပို့မှု တိုးမြင့်လာခြင်း


Trend;Jul-6(Mon)
              တူရကီနိုင်ငံမှ ရုရှားနိုင်ငံသို့  ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ မေလအထိ သံမဏိတင်ပို့မှုသည် ၂၀၁၉ ခုနှစ်၏ အလားတူကာလအတွင်း တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက  ၃.၆၃ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉.၈ သန်း တန်ဖိုးရှိကြောင်း တူရကီနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ သို့သော် ၂၀၂၀ ပြည့်နှစ်၊ မေလတစ်လအတွင်း တူရကီနိုင်ငံမှ ရုရှားနိုင်ငံသို့ သံမဏိတင်ပို့မှုသည် ၂၀၁၉ ခုနှစ်၏ အလားတူကာလတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ၃၃.၇၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၅.၄ သန်းအထိ ဆုံးရှုံးခဲ့ရပါသည်။ တူရကီနိုင်ငံမှ ကမ္ဘာ့ ဈေးကွက်သို့ ၂၀၂၀ ပြည့်နှစ်၊ ပထမ ၅ လအတွင်း သံမဏိတင်ပို့မှုမှာ ၂၂.၉ ရာခိုင်နှုန်း အထိကျဆင်းစေပြီး ၂၀၁၉ ခုနှစ်၏ အလားတူကာလနှင့်နှိုင်းယှဉ်လျှင်  အမေရိကန် ဒေါ်လာ ၄.၈ ဘီလီယံအထိ ရှိခဲ့ပါသည်။
              အဆိုပါဝန်ကြီးဌာန၏ ပြောကြားချက်အရ တူရကီနိုင်ငံမှ ရုရှားနိုင်ငံသို့ သံမဏိ တင်ပို့မှုသည် ပို့ကုန်စုစုပေါင်း၏ ၇.၉ ရာခိုင်နှုန်း အထိရှိပါသည်။ ၂၀၂၀ ပြည့်နှစ် မေလတွင် တူရကီနိုင်ငံသည် ပြည်ပသို့ အမေရိကန်ဒေါ်လာ ၈၁၇.၇ သန်းတန်ဖိုးရှိသော သံမဏိများတင်ပို့နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၏ မေလနှင့်နှိုင်းယှဉ်ပါက ၃၉.၇ ရာခိုင်နှုန်းအထိ လျော့ကျလျက်ရှိကြောင်း  ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ တူရကီ နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်မေလတွင် ပို့ကုန်စုစုပေါင်း၏ ၈.၂ရာခိုင်နှုန်းအထိ တင်ပို့ နိုင်ခဲ့ခြင်းဖြစ်ပါသည်။ တူရကီနိုင်ငံအနေဖြင့်  ၂၀၁၉ ခုနှစ်၊ မေလမှ ၂၀၂၀ ပြည့်နှစ် မေလအတွင်း ပြည်ပဈေးကွက်သို့ သံမဏိတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၂.၃ ဘီလီယံ ကျော် တန်ဖိုးအထိရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment