အမေရိကန်နိုင်ငံသည် ဥရောပဒေသရှိ ၎င်းတို့၏တပ်ဖွဲ့ဝင်များကို ရွှေ့ပြောင်း တပ်ဖြန့်မှုတစ်စိတ်တစ်ဒေသအဖြစ် ဘူလ်ဂေးရီးယားနှင့် ရိုမေးနီးယားနိုင်ငံများသို့ တပ်ဖွဲ့ဝင် များ စေလွှတ်နိုင်ဖွယ်ရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို
ကိုးကား၍ Wall Street Journal က ဖော်ပြခဲ့ပါသည်။ အမေရိကန်အနေဖြင့် ဘူလ်ဂေးရီးယား နှင့် ရိုမေးနီးယားတို့တွင် Stryker တိုက်ခိုက်ရေးတပ်မများ ပြောင်းရွှေ့တပ်ဖြန့်ခြင်းသည်
ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင် ၁၂,၀၀၀ ခန့်အား ပြန်လည်ရုပ်သိမ်းမည့် သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်မှတစ်ဆင့်
ထွက်ပေါ်လာခြင်းဖြစ်နိုင်ကြောင်း သတင်း အရင်းအမြစ်များက
ထောက်ပြခဲ့ပါသည်။ ဂျာမနီမှရုပ်သိမ်းမည့် အမေရိကန်တပ်ဖွဲ့ဝင် များအနက်မှ
ထက်ဝက်ခန့်အား ပင်လယ်နက်ဒေသအပါအဝင်
ဉရောပရှိ အခြားနေရာ များသို့လည်း စေလွှတ်သွားနိုင်ဖွယ်ရှိပြီး
အဆိုပါလုပ်ငန်းစဉ်သည်
နှစ်အနည်းငယ် ကြာမြင့်မည်ဖြစ်ကာ
အနည်းဆုံးအမေရိကန်ဒေါ်လာ
၆ ဘီလီယံခန့် ကုန်ကျမည် ဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment