နေတိုးအဖွဲ့သည် ပိုလန်နှင့်ဘောလ်တစ်ဒေသတွင်း နိုင်ငံများအတွက် ကာကွယ်ရေး အစီအစဉ်တစ်ရပ်အား
ချမှတ်ခဲ့ကြောင်း လစ်သူရေးနီးယား၊ ပိုလန်နှင့် ပြင်သစ်နိုင်ငံ တို့မှ
တာဝန်ရှိသူများက ဇူလိုင်လ ၂ ရက်တွင် ပြောကြားခဲ့ပါသည်။ သို့သော်လည်း နေတိုးအဖွဲ့အနေဖြင့် ဆီးရီးယားမြောက်ပိုင်းရှိ
ကာ့ဒ်စစ်သွေးကြွများအား
စစ်သွေးကြွ များအဖြစ် သတ်မှတ်ခြင်းမရှိပါက အဆိုပါအစီအစဉ်ကို ထောက်ခံသွားမည်မဟုတ် ကြောင်း
တူရကီနိုင်ငံထံက ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် ယူကရိန်းနိုင်ငံထံမှ ခရိုင်းမီးယားဒေသကို သိမ်းပိုက်ခဲ့ပြီးနောက် ပိုလန်နှင့် ဘောလ်တစ် သုံးနိုင်ငံက ကာကွယ်ရေးအစီအစဉ်တစ်ရပ်ရေးဆွဲရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ယင်းအစီအစဉ် အား
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက ဗြိတိန်နိုင်ငံတွင်ပြုလုပ်ခဲ့သည့်
နေတိုးထိပ်သီး ဆွေးနွေးပွဲ၌
အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment